18

1.9K 427 8
                                    


Unicode

လုလုရဲ့ နှုတ်ခမ်းများ သွေးစို့နေခဲ့သည်။

ဒီအနမ်းဟာ လေညှင်းလေးတိုက်ခတ်လာသလို စိုစွတ်ပြီး၊ စေးကပ်သလို ချိုမြိန်ကာ သူ့နှုတ်ခမ်းများဟာဖူးယောင်နေတော့သည်။

သူတို့သည် ကမ်းခြေမှထွက်လာကာ ဆေးဆိုင်ဆီသို့ ဦးတည်သွားကြသည်။ ယင်းလျန် ကဆေးဝယ် ဖို့ အထဲဝင်သွားချိန်မှာတော့  လုလုကစက်ဘီးပေါ်တွင် ထိုင်ရင်း စောင့်ဆိုင်းနေခဲ့သည်။

ပိုက်လိုင်း ဖောက်လုပ်နေသည့် လမ်းကို ကျယ်ဝန်းသော မြောင်းနှစ်ခုဖြင့် ကာရံထားသည်။  ဟွမ်းဟိုင် သည် စက်ဘီးစီးကာ လမ်းဆုံမှ ပေါ်လာလေသည်။  လုလုကိုတွေ့တော့ သူက "လုကော!" ဟုခေါ်လိုက်သည်။

လုလုသည် ဆိုင်ထဲသို့ လှမ်းကြည့်ပြီးနောက် သူ့ကိုပြန်ကြည့်ကာ သူ့လက်ခါပြပြီး ထွက်သွားဖို့အချက် ပြလိုက်လေသည်။

"ဘရို၊ ငါတကယ် ချီးတွင်းထဲရောက်နေတာ"

ကျယ်လောင်သော အသံနှင့်အတူ ဟွမ်းဟိုင် က သူ့စက်ဘီးကို တူးမြောင်းဘေးတွင် ရပ်လိုက်ပြီး မျက်နှာတစ်ခုလုံးကတော့ နီမြန်းနေ၏ "မင်းဖင်ကြီးကိုဒီရွေ့လာခဲ့၊  ယောက်ျားလေး ပြသနာတွေတက် နေတာ၊ ငါမင်းရဲ့ အကြံဥာဏ်လေးတွေ လိုအပ်နေတယ်!"

မင်းဖင်ကြီးကိုပဲပေး!!လုလု သူ့ကို ကြိမ်းမောင်းချင် သော်လည်း  ယင်းလျန်သိသွားမှာကို ကြောက်လေသည်။  ထို့ကြောင့် သူက ဟွမ်းဟိုင်ဆီသို့ မျက်လုံးတစ်ဖက်မှိတ်ပြပြီး အချက်ပေးလိုက်ပြန်သည်။

ဟွမ်းဟိုင် အလွန်ရှက်ရွံ့သလို ခံစားရပြီး သူက တုံးတုံးအအနဲ့ကို  ရှက်နေခဲ့သည်။  သူ့လည်ပင်းကို အကြောဆန့်လိုက်ပြီး သူကအော်လိုက်လေသည်။ "မင်းဘာလို့ အချိန်ဖြုန်းနေသေးတာလဲ မင်းကိုဒီလာဖို့ငါပြောနေတယ်လေ"

ထိုအချိန်တွင် ယင်လျန်းသည် ဆေးဆိုင်မှ ထွက်လာသည်။ သူခေါင်းကို မြှောက်လိုက်သည်နှင့် ဟွမ်းဟိုင် ကို တွေ့လိုက်ရတော့  သူ့မျက်နှာသည် ချက်ချင်း မှုန်ကုပ်ကုပ် ဖြစ်သွားတော့သည်။

ထိတ်လန့်တုန်လှုပ်သွားကာ လုလုသည် စက်ဘီးလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်လိုက်မိ၏။ဟွမ်းဟိုင် ရဲ့ ပါးစပ်ကတော့ ပွင့်လျက်သားလေး ထိုနေမှာတင်  အေးခဲသွားတော့သည်။

ပန်ကိတ်လှည်းလေးWhere stories live. Discover now