20

2K 410 10
                                    


Unicode

ဟွမ်းဟိုင်  ဗီရိုကို တစ်ချက်ကြည့်လိုက်ပြီး တိဇန်းကို တံတောင်ဖြင့်တွန်းလိုက်သော်လည်းတိဇန်းကသု့ရင်ဘတ်ကိုလုံးဝမရွေ့ပေ။ "အဲ့တော့ကိုယ်တို့ အဆင်ပြေသွားပြီလား?"

"ဘာကိုလဲ?"  ဟွမ်းဟိုင်လွတ်မြောက်ရန် ရုန်းကန် နေသော်လည်း ထိုရင်ဘတ်သည် တစ်လက်မမျှ မရွေ့။

"ကိုယ်တို့လုပ်မယ်။"

"ဘာလုပ်မှာလဲ!"  ဟွမ်းဟိုင် သည် သူ့ပြောတဲ့ စကားကြောင့် ဆို့တက်လာတော့သည် "မင်းရဲ့တရုတ်စာကလည်းရှုပ်နေတာပဲ!"

"ကိုယ့်ကို နမ်း။" တိဇန်း က စကားပြောနေစဉ် သူ့မျက်လုံးပြာများသည်ဟွမ်းဟိုင်သို့ ကျဆင်းလာသည်။

သူ့ကို ကာထားရင်း လက်တစ်ဖက်က ဗီရိုကို ထိမှန်သွားတော့ အတွင်းထဲမှ လုလာတုန်လှုပ်သွားလေသည်။

ဒီလူရဲ့ ဟော်မုန်းတွေက တဟုန်းဟုန်းတောက်နေတယ်။  ဟွမ်းဟိုင် တွေဝေနေသည်မှာ အံ့သြစရာမဟုတ်ပါ၊ သူသာဆိုလည်း  ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

အပြင်မှနှစ်ယောက်က နမ်းနေကြပုံရသည်။  လုလုသည်  ဟွမ်းဟိုင်ရဲ့ နှာသံနှင့် တိုးညှင်းသော ညည်းညူသံများကို ကြားနေရ၏။

"ကော... ကျွန်တော်မရဘူး၊ မနမ်းနဲ့၊ ကျွန်တော်... အိမ်ပြန်ချင်တယ်..."

ဒါဟာ ဟွမ်းဟိုင် ရဲ့ ပထမဆုံး အနမ်းဖြစ်ပြီး သူက တုံးတုံးအအနဲ့ မျက်နှာကိုလှည့်လိုက်၏။  လုလု ခေါင်းကို အသာအယာ ခါလိုက်တော့သည်။

"ဘာအိမ်လဲ" တိဇန်းရဲ့ အသံသည် မူးဝေလာစေပြီး "မင်းအိမ်က ဒီမှာလေ"

နောက်ဆက်တွဲဖြစ်လာသည်မှကတော့ ပြင်းထန် သော တံတွေးသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ဟွမ်းဟိုင်ရဲ့ ညည်းညူသံများက ပို၍ပြင်းထန်လာသည်။  လုလုသည် ယခု ဟွမ်းဟိုင်က ယခင်က ရက်စက်ကြမ်းကြုတ်သော ကိုယ်ကျိုးရှာသူနှင့် လုံးဝခြားနားနေသကဲ့သို့ သူသည် ထိုကဲ့သို့သော အသံများကို ထုတ်လုပ်နိုင်စွမ်းရှိကြောင်း လုလုဘယ်သောအခါမှ မသိခဲ့ပါ။  နားထောင်ရတဲ့သူတိုင်း အံသြသွားမှာ သေချာလေသည်။

ပန်ကိတ်လှည်းလေးWhere stories live. Discover now