16

1.9K 423 1
                                    

Unicode

တိဇန်း တံခါးကိုဖွင့်လိုက်တော့ ဟွမ်းဟိုင် ရပ်နေ
သည် ကို တွေ့လိုက်ရ၏။

"ဘာလို့ဒီအချိန်​​ရောက်​​နေတာလဲ ? အတန်းမရှိဘူးလား" 

တိဇန်း သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက် သည်။  အချိန်က နေ့လည် နှစ်နာရီခွဲဖြစ်၏။

ဟွမ်းဟိုင် အိမ်ထဲဝင်လာပြီး ဖိနပ်စင်ကိုဖွင့်လိုက်သည်။ ဖိနပ်စင်ထဲတွင်တော့ ဖိနပ်နှစ်ရံရှိလေသည်၊တစ်ရံမှာတော့သု့ကိုယ်ပိုင်ဖြစ်၏။ "စိတ်မငြိမ်လို့ လစ်လာတာ"

"ဒါကို ယူထား"

တိဇန်း သူ့အိတ်ကပ်ထဲက သော့တစ်ချောင်းကို ထုတ်ပြီး ဟွမ်းဟိုင် ရဲ့လက်ထဲကို ထည့်လိုက်သည်။  "အတန်းလစ်လို့ သွားစရာ မရှိရင် ဒီကို အချိန်မရွေးလာခဲ့။"

ဟွမ်းဟိုင် သော့ကို  တစ်ချက်ကြည့်လိုက်၏။  ၎င်းသည် အိမ်ကြီးရဲ့ သော့များဖြစ်ပြီး နတ်ဆိုး မျက်နှာဖုံးပါသည့်သော့ချိတ်နှင့်တွဲထားသည်။ ထိုသော့ချိတ် ကိုလှန် လိုက်သောအခါ "ဟွမ်းဟိုင်" ဟူသော စာလုံးနှစ်လုံးထွင်းထားသည်ကို တွေ့ရ၏။

သူရောက်မလာခင်ကတည်းက စိတ်လှုပ်ရှားနေသော်လည်း ၊ အခုတော့ ဒါက သူ့ကို ပိုတောင်မငြိမ် မသက်ဖြစ်စေလေသည်။

"ဒါကို မင်းဘယ်ကရခဲ့တာလဲ?"

ဟွမ်းဟိုင်က ထပ်ပြီး မေးတော့မယ့်အချိန်မှာဘဲ တိဇန်းကပြောလာလေသည်။

"ငါကိုယ်တိုင်လုပ်ထားတာ၊မင်းကြိုက်လား?"

ဟွမ်းဟိုင် အနည်းငယ် စိတ်ရှုပ်သွားသည်။  အခုခေတ်မှာ ရည်းစားတွေတောင် handmade တွေ မလုပ် ပေးကြတော့ဘူး၊ မျက်လုံးပြာတပ်ထားပြီး တစ်ကိုယ်လုံးတက်တူးရှိတဲ့သူဆိုရင်တော့ ပြောမနေနဲ့တော့ ။ သူကြိုက်တာ သိသာသော်လည်း ဟွမ်းဟိုင်က သူ့ခေါင်းကို မော့ကာပြောလိုက်သည်။

"မဆိုးပါဘူး"

ဧည့်ခန်းက မှောင်နေတာကို မြင်လိုက်ရတော့ ဟွမ်းဟိုင်ရဲ့ စူးစမ်းချင်စိတ်ပေါ်လာလေသည်။ 

"နေ့ခင်းကြီးကို ဘာလို့ လိုက်ကာတွေ ချထားတာလဲ?"

တိဇန်းသည် ရေခဲသေတ္တာထဲမှ အအေးနှစ်ဘူးကို ထုတ်ကာ သူ့အကြိုက်ဆုံး ကျွဲကောသီးအရသာ အချိုရည်ကို သူ့ကိုကမ်းပေးသည် ။

ပန်ကိတ်လှည်းလေးWhere stories live. Discover now