15

2K 457 33
                                    

Unicode

ဟွမ်းဟိုင် သည် လုလုရဲ့အိမ်သို့ တက္ကစီစီး၍ရောက် လာခဲ့သည်။  သူအထဲဝင်တာနဲ့ သူ့ကော်လာကနေ ဆွဲခံလိုက်ရပြီး ဆိုဖာပေါ်သို့ တွန်းချခံလိုက်ရ၏။

လုလု သူ့ကို အပေါ်ကနေ ငုံ့ကြည့်နေရင်း မေးလိုက်လေသည်။

"ပြော၊ နာတာလိုချင်လား ကလိထိုးတာလိုချင်လား?

ဟွမ်းဟိုင်၏ မျက်နှာသည် အသနားခံနေသော ပုံစံလေးပေါက်နေကာ  "လုပေါင်ပေ့၊ ငါမှားသွားပါတယ် ။ သူက မင်းကို ရိုက်လား? အပြစ်တင်လား?"

အဲ့ဒါတွေ တစ်ခုမှ မဟုတ်ဘူး။

အဲဒီအစား သူ့ကို ဖက်ထားခဲ့သည်၊ သူ့ကြယ်သီးတွေကိုဖြုတ်ပြီး သူ့ကိုဖွင့်ပြောခဲ့သည် ။  ဒါပေမယ့် လုလု ကတော့ ဘာမှမပြောဘဲ တိတ်တိတ်နေလိုက် လေသည်။

"သူက ငါကို  လှည့်စားတယ်လို့ပဲ ပြောတာ။  အဲ့တုန်းက ငါ  အရမ်းကြောက်သွားတော့ ပန်ကိတ်လှည်းအကြောင်းကိုတောင် ပြောမိတော့မလို့"

"သေရော။"  ဟွမ်းဟိုင်က သူ့ကို မော့ကြည့်ရင်း သူ့လက်တွေကတော့ လုလုရဲ့ခါးပေါ်ကို လျှောချလိုက် ပြီး "ငါသူ့ကြောင့် အရမ်းဒေါသထွက်မိသွားလို့ ပါးစပ်ကို မထိန်းလိုက်တာပါ။  "

လုလုက သူ့လက်တွေကို ဖယ်လိုက်ပြီး သူ့ပေါင်ပေါ် မှာ ပြင်းပြင်းထန်ထန် ထိုင်ချလိုက်၏။

"နောက်တစ်ခါ အဓိပ္ပါယ်မရှိတဲ့အရာတွေ မပြောနဲ့။  ငါတို့နှစ်ယောက်က ညီအစ်ကိုတွေ၊ ကိစ္စတွေက ကသိကအောက်ဖြစ်လာရင် အနာဂတ်မှာ ဘယ်လိုပူးပေါင်းကြမလဲ?"

"အဲ့လိုဖြစ်လာရင်တောင် ငါက မင်းရဲ့အကောင်းဆုံးညီအစ်ကိုကောင်းပဲ ၊ သူ မင်းကို ကိုးကွယ်ဖို့ စီးကရက်ကောင်းကောင်းနဲ့ အရက်ကောင်းတချို့သာ ယူလာခိုင်းလိုက်ပါ"

လုလု သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သိမ်မွေ့စွာ ပြုံးပြလိုက်သည်။

"ဒါနဲ့ ၊" ဟွမ်းဟိုင်က သူ့ကို မျက်စပစ်ပြလိုက်ပြီး

"ငါ သူ့ကို ပြောပြီးတာနဲ့ သူ... သူမင်းရဲ့ ခန္ဓာကိုယ်ကို စစ်ခဲ့သေးလား?"

ပန်ကိတ်လှည်းလေးWhere stories live. Discover now