3

3.2K 617 11
                                    

Unicode

ဟွမ်းဟိုင်တစ်ယောက် လမ်းမပေါ်တွင် လမ်းလျှောက်နေစဉ်၊ ညစ်ပတ်သောပြတင်းပေါက်နားတွင် ကတ်ထူပြားတံဆိပ်ကပ်ထားသည့် လမ်းဘေးပန်ကိတ်လှည်းတစ်စီးကို တွေ့လိုက်ရသည်။

သူခေါင်းမော့ပြီးကြည့်လိုက်တော့ လှည်းက "နောက်လည်းလာခဲ့ပါ" ဆိုတဲ့ ခြေဖဝါးအနှိပ်ခန်းရဲ့ အပြင်ဘက်တွင် ရပ်ထားလေသည် ။

ထိုအချိန်တွင် ပန်းရောင်ညအိပ်ဝတ်စုံ ၀တ်ထားသည့် ဆံပင်ရှည်ရှည်နှင့် အမျိုးသမီးတစ်ဦး ထွက်လာသည်။သူမသည် စီးကရက်တစ်လိပ်သောက်နေရင်း ဟွမ်းဟိုင်ကို တစ်ချက်ကြည့်လိုက်ကာ

"ကျောင်းသားလား? ကျောင်းသားဆိုရင်တော့သွားလိုက်တော့၊ ငါတို့က ဒီမှာ ကလေးတွေနဲ့ စီးပွားရေး မလုပ်ဘူး။"

လူတွေ သူ့ကို 'ကလေး' လို့ ခေါ်တိုင်းဟွမ်းဟိုင်မုန်းသည်။ သူက ငွေတိုးချေးစားတဲ့သခင်ငယ်တစ်ဦးရဲ့ အရှိန်အဝါကို ထုတ်ဖော်ပြကာ လှည်းကို လက်ညှိုးနှင့် ထိုးပြပြီး မေးလိုက်သည်။

"ဒါက ဘယ်သူပိုင်တာလဲ?"

အမျိုးသမီးသည် လှည်းကိုကြည့်ပြီ သူ့ကိုပြန်လှည့် ကြည့်လာသည်။ စီးကရက်ကိုကိုင်ကာ ခေါင်းညိတ်ပြလိုက်ပြီး သူ့အားအဆောက်အဦးထဲသို့ ဝင်လာရန် လက်ဟန်ပြလေသည်။

ဟွမ်းဟိုင်သည် ကျဉ်းမြောင်းသော ဆိုင်မျက်နှာစာမှဆိုင်ထဲသို့ ဝင်သွားပြီး သူ့ရှေ့တွင်တော့ အရပ်ရှည်ရှည် အမျိုးသားတစ်ဦးရဲ့ နောက်ကျောပုံရိပ်ကိုတွေ့လိုက်ရသည်။ ထိုသူသည် ပခုံးနားထိရှည်နေသော ရွှေရောင်ဆံပင်ဖျော့ဖျော့နှင့် နောက်ကျောတွင် တက်တူးများ အပြည့်ရှိလေသည်။ ထိုသူရဲ့တက်တူးများသည် တသွင်သွင်စီးဆင်းသော မြစ်ချောင်းရဲ့ ရှုခင်းနှင့် တောင်ပေါ်မှဆင်းသက်လာသော ကြမ်းတမ်းသည့် ခြင်္သေ့တစ်ကောင်ရဲ့ ရှုခင်းကို သရုပ်ဖော်ထားသည်။

ဟွမ်းဟိုင် အနည်းငယ်တော့ တုန်လှုပ်သွား၏။ သူ သည် ထိုလူအား မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။ အကြွေးလိုက်တောင်းသည် သူ့အဖေရဲ့ လက်အောက်ငယ် သားလေးတွေကလည်း ဒီလိုမျိုး၊တကယ့် ကို ရက်စက်ကြမ်းကြုတ်ကြသည်။

ပန်ကိတ်လှည်းလေးWhere stories live. Discover now