9

2.3K 486 15
                                    

Unicode

"မင်းရဲ့ အသုံးမဝင်တဲ့ အဲ့ပန်ကိတ်လှည်းအတွက် ငါက ကြီးမားတဲ့စွန့်လွှတ်အနစ်နာခံမှုကို လုပ်ခဲ့ရတာ"

ဟွမ်းဟိုင် ဖုန်းမှတဆင့် ကျယ်လောင်စွာ ညည်းညူလိုက်သည်။

"ဒီတိုင်း ရဲစခန်းကို ခရီးထွက်လိုက်ရုံလေးပဲ မဟုတ်ဘူးလား?" သူ့နားနှင့် ပခုံးကြားတွင် ဖုန်းကို ချိတ် ထားရင်း လုလုသည်  ပန်ကိတ်လှည်းကို ကုန်းတက် ပေါ်တွန်းလိုက်၏  "မင်းတို့လိုမိသားစုက ဒါကိုကြောက်နေသေးတာလား?"

"အဲ့ဒါက ငါနဲ့ သွားတဲ့လူကြောင့်ကွ"ဟွမ်းဟိုင်
ကျိန်ဆဲလိုက်သည်။

"သူ ငါ့အဖေရဲ့ ကောင်မလေးထက်တောင်  ရင်သား ပိုကြီးသေးတယ်၊သူတို့ကပြောသေးတယ် ငါကပိုက်ဆံရလို့ သူနဲ့အိပ်တာတဲ့ ။  ချီးလိုပဲ!"

လုလု က လှောင်ရယ်လိုက်ပြီး "ဟုတ်သားပဲ ဟိုင်ဇီ ၊ တကယ်လို့ ယင်းလျန်က ငါတို့ဟိုဟာလုပ်လားလို့ မေးရင် ငါတို့နမ်းပဲနမ်းခဲ့တာလို့  ပြောနော်"

တစ်ဖက်က ဖုန်းသံက ရုတ်တရက် တိတ်ဆိတ်သွားလေသည်။  "မင်းအဲ့လောက် လေးလေးနက်နင်လုပ်လို့မရဘူးလေ " ဟွမ်းဟိုင်ကအသံကိုတိုးလိုက်ပြီးကောက်ကျစ်ယုတ်မာသောအသံဖြင့်ပြောလာ၏  "မင်းက အရမ်းကြည့်ကောင်းတာ၊ ငါတို့က နမ်းရုံပဲဆိုရင် ငါကစွမ်းဆောင်နိုင်စွမ်းမရှိတဲ့သူနဲ့ မတူသွားလား?ငါတို့ တစ်ခါလောက်တော့ အတူတူအိပ်ဖူးသလို ဟန်ဆောင်ရမယ်"

"မရဘူး" လုလု မျက်လုံးပြူးသွားသည်။  "သူက မိန်းကလေးတစ်ယောက် လက်ကိုတောင် မကိုင်ဖူးလောက် တဲ့ လူကောင်းတစ်ယောက်ပါ။  မင်းက အရမ်း ပြင်းပြင်းထန်ထန်တွေပြောရင် သူက ငါ့ကိုရှုံ့ချပြီး ငါ့ကို မလိုချင်တော့ဘဲ နေလိမ့်မယ်။"

"တော်လိုက်တော့ " ဟွမ်းဟိုင် ရန်တွေ့လိုက်သည်။  "မနေ့က မင်းအတွက် လိုင်စင်ပြားလုပ်ပေးတာနဲ့တင်သူက မင်းရဲ့တွင်းထဲကျနေလောက်ပြီ။ တခြားသူတွေနဲ့ အိပ်ရုံတင်မပြောနဲ့ ၊မင်းတစ်ယောက်ယောက် နဲ့ ကလေးရခဲ့ရင်တောင် သူကမင်းကို ဒုက္ခရောက် နေတဲ့ မိန်းမပျိုလေးလို့ မြင်ပြီး မင်းကို ကယ်တင် မှာ!"

ပန်ကိတ်လှည်းလေးWhere stories live. Discover now