"Jaehyun hyung ! "
ခေါ်သံတွေကြောင့် ဖတ်နေတဲ့ စာအုပ်ကို
ခုံပေါ်တင်ကာ အသံလာရာကြည့်လိုက်တော့
ခြံတခါး၀မှာ ကလေးနှစ်ယောက်"၀င်ခဲ့လေ Lele "
သူ့အသံကြားတာနဲ့ ကလေးနှစ်ယောက်က
တံခါးဖွင့်ကာ ပြေးပြီး ၀င်လာကြသည်"Lele မင်း သူငယ်ချင်း ကိုပါ ခေါ်လာတာလား"
"ဟုတ်တယ် Jaehyun hyung
ကျွန်တော့်ဆီ လိုက်လည်တာ ဟေ့ကောင်
Jisung မိတ်ဆက်လိုက်ဦးလေ""ကျွန်တော်က Chenle သူငယ်ချင်း
Jisung Park Jisungပါ ဗျ ""အကိုက Jaehyun မှတ်ထားနော်
နောက်ဆိုလည်း leleဆီလာလည်ရင်း
အကို့ဆီ လာကစားကြပေါ့ ခုလာ
အိမ်ထဲ ၀င်ကြမယ် ခုနေပူလာပြီ "သူကဦးဆောင် ခေါ်သွားတော့ ကလေးနှစ်
ယောက်က လိုက်လာသည်
ကလေးနှစ်ယောက်က ဧည့်ခန်းမှာ ထိုင်နေကြ
ရင်းး Jaehyun မုန့်ပြင်နေတာကို
စောင့်နေကြ၏"ရော့ စားကြ ဒါတွေက ဒိတ်ကုန်တော့မှာမို့
အားမနာပဲစား ငါတစ်ယောက်တည်းဆိုတော့
ကျွေးစရာဆိုလို့ မင်းတို့ပဲ ရှိတာ ""ဒါဆို ဒီဓာတ်ပုံထဲက နောက်ထပ်ကိုကို
တစ်ယောက်က ရောဟင် ""Jisung ရာ့ အဲ့လို မမေးရဘူးလေ "
Chenleက အကြီးလေးလို လက်တို့ကာ
ပြောသည် ဒါကိုမြင်ပြီး Jaehyunက
ပြုံးလိုက်ရင်းး"အဲ့ဒီ့ကိုကိုက အကို့ရဲ့ ကောင်လေးလေ
ချောရဲ့လား ချစ်စရာသိပ်ကောင်းတယ်မလား""ဟုတ် ချစ်စရာကောင်းတယ် ခု အဲ့ကိုကို
က ဘယ်ရောက်နေလို့တုန်းဟင်"ကလေးတွေဆိုတော့ သူတို့သိချင်တာလေးတွေ
ကို မေးကြသည် အစကတော့ Chenleကပါ
တားပေမယ့် ခုတော့Chenleကပါ သိချင်နေပုံရသည် ဘာလို့ဆို Chenleတို့ ဘေးအိမ်ကို
Jaehyun စပြောင်းလာတာ တပတ်လောက်
ရှိပြီဖြစ်ပေမယ့် Jaehyun တစ်ယောက်ပဲ
မြင်တော့ သူလည်း စိတ်၀င်စားပုံရသည်" အဲ့ကိုကိုကလားး အဲ့ကိုကိုက သိပ်ကို
ကောင်းတဲ့ နေရာတခု ကို ရောက်နေလောက်
ပြီ ပေါ့ ခုချိန်ဆို "ကလေးနှစ်ယောက်က တစ်ယောက်ကို
တစ်ယောက်ကြည့်ရင်းး တိုးတိုး တိုးတိုးပြော
နေကြ၏"Jisung ရာ့ ငါတို့ မမေးသင့်တာကို
မေးမိပြီထင်တယ် hyung သနားပါတယ်""Chenleရာ့ စိတ်မကောင်းမဖြစ်ပါနဲ့
နောက်ဆို Jaehyun hyungကို
တူတူ အဖော်ပြုပေးကြမယ်လေ "Chenleက ခေါင်းညိတ်ပြလိုက်၏
Jaehyun ကတော့ ကလေးနှစ်ယောက်
ဘာပြောနေတယ် ဆိုတာကို မကြားလိုက်ပေ"Jaehyun hyung ၀မ်းမနည်းပါနဲ့
ကျွန်တော်တို့ ရှိတယ်လေ နော် ""ကျေးဇူးပါကွာ ၀မ်းမနည်းပါဘူး
အကိုက သူ့ကိုသိပ်လွမ်းနေရုံပါ ခုတောင်
အရင်က သူ့ကို စပြီးလိုက်ခဲ့တုန်းက
အကြောင်းတွေ ပြန်သတိရမိသွားတယ်
မင်းတို့နားထောင်ချင်လား ""နားထောင်ချင်တာပေါ့ ကျွန်တော်တို့က
မမေးရဲလို့သာ ""ဒါဆို မင်းတို့လည်း အပျင်းပြေ အကိုလည်း
အလွမ်းပြေ ပြောပြမယ် "Jaehyun က ဓာတ်ပုံလေးကို ကြည့်ကာ
ပြုံးလိုက်ရင်းး ပြောဖို့ အစပြုခဲ့ပါသည်ဇာတ်လမ်းအစက အပြာရောင် စာအိတ်လေးတွေပေါ့
စကားလုံးလေးတွေကတော့*ကောင်းသော နေ့လေး ဖြစ်ပါစေ * တဲ့လေ
__________________________________

YOU ARE READING
Love Story
Fanfictionဇာတ်လမ်းအစက အပြာရောင် စာအိတ်လေးတွေပေါ့ စကားလုံးလေးတွေကတော့ *ကောင်းသော နေ့လေး ဖြစ်ပါစေ * တဲ့လေ