7

201 21 0
                                    

"Doyoung က သူ့မိဘတွေနဲ့ပက်သက်ပြီး
စိတ်ဒဏ်ရာလည်းနည်းနည်းရှိနေပြီး
အချစ်ကို သိပ် အယုံအကြည်မရှိခဲ့ပေမယ့်
မင်းကိုတော့ဖြင့် သူက လက်ခံပေးခဲ့တာ "

Johnny hyungပြောဖူးတဲ့ အတိုင်းပဲ
Doyoung hyung သူ့ကို သိပ်ချစ်တယ်
စချစ်ခဲ့တဲ့ Jaehyun ထက် မပိုရင်တောင်
မလျော့တဲ့ ချစ်ခြင်းမျိုး Doyoung hyung
က ပေးတယ် ဆိုတာ Jaehyun က
နားလည်တယ် အဲ့ဒါကြောင့် အများကြီးလည်း
တန်ဖိုးထားခဲ့တယ် နှစ်ယောက်လုံးက

ဒါပေမယ့် တွဲလာတဲ့ အချိန်တော်တော်ကြာလာတဲ့
တစ်နေ့မှာတော့ Doyoung နဲ့ သူ
စကား အချေအတင် ဖြစ်ကြ တဲ့ တစ်ရက်
ရှိလာခဲ့ တယ်

"ကျွန်တော် မကြိုက်ဘူး hyung "

"ဒါက အလုပ် ကိစ္စ အတွက်ပဲလေ ငါက
ဘယ်လိုလုပ်ပေးရမှာလဲ Jaehyun ကလည်း
မင်းမရစ်ပါနဲ့ကွာ "

"ဒါပေမယ့် ကျွန်တော် အဲ့လူ ကို hyung
အနားမှာ ရှိနေတာကို မကြိုက်ဘူး ဌာန
မတူ ပဲနဲ့ hyung ဆီကို ဘာလို့ ခနခန
လာနေရတာလဲ "

Jaehyun က အတည်ကို စိတ်ဆိုးနေတာ
ဖြစ်၏

"Jaehyun မင်းငါ့ကို နည်းနည်းလေးဖြစ်ဖြစ်
ယုံပေးလို့မရဘူးလား ဟင် ငါ့ကိုမယုံဘူးလား"

"သ၀န်တို နေတာ လေ! မယုံကြည်တာ မဟုတ်ပဲ
ဟောဒီက Jung Jaehyunဆိုတဲ့ကောင်က
‌သ၀န်တို လွန်းလို့ ပြောနေတာ သိရဲ့လား!
ဟိုလူ hyung ့ကို မထိတထိ လုပ်နေတာတွေကို
ကျွန်တော့် မျက်စိနဲ့ မြင်လာ မိတာတောင်
ကျွန်တော်က ပြုံးပြုံးကြီး ကြည့်နေရမှာလား! "

"Jaehyun မင်း! "

Doyoung က ဆက်မပြောတော့ပဲ
မျက်လုံးတို့ကို မှိတ်ကာ သက်ပြင်းတချက် ချ
လိုက်သည် ခနနေမှ

"ပြန်တော့ "

"ကျွန်တော့်ကို နှင်နေတာလား"

"ငါပြောတာကို ခနလောက် နားထောင်ပေးမလားး
ဒီညတော့ ပြန်လိုက်တော့ ဟုတ်ပြီလား"

Doyoung က တံခါး၀ ထိ တွန်းလွှတ်နေ
တဲ့ကြားထဲကနေ Jaehyun ရဲ့ ခေါင်းထဲမှာ
တော့ အတွေးတချို့ ရှိနေခဲ့ ၏
သူ ပြန်သင့်လား မပြန်သင့်လား ဆိုတာ မျိူးပေါ့
Doyoung က ဘာကြောင့် စကားများနေရင်း
ရုတ်တရက် နှင်လွှတ်နေရတာလဲ ဆိုတာ
သူတွေးနေမိသည်
သူ Doyoung စကားကို နားထောင်ချင်ပေမယ့်
တစ်ဆက်တည်းမှာလည်း သူစိတ်ထဲအနည်းငယ်
ရှုပ်ထွေးနေပြန်သည် ဒါပေမယ့်လည်းး
သူက တံခါးအပြင်ကိုရောက်ရှိသွားခဲ့ပါသည်
သူက တံခါးအရှေ့မှာပဲ တွေဝေ နေမိတာကြောင့်
သူစိတ်ဆိုးနေတဲ့ အကြောင်းအရာတွေလည်း
ဘယ်တွေတောင် ရောက်ကုန်ပြီလဲ မသိဘူး
သူက အဲ့လောက်တောင် Doyoungနဲ့ ပက်သက်
လာရင် အတွေးများလာ တတ်တာပဲ

Doyoung က ပြသနာတခုခုဖြစ်ရင်
တစ်ယောက်တည်းနေရင်းး ခနအချိန်ကုန်ဆုံး
တတ်တာကို တွေးလိုက်ရင်းးး
သူက Doyoung အလိုကို လိုက်ပေးဖို့ပဲ
ဆုံးဖြတ်လိုက်ရင်းး သူ့အိမ်ကိုပဲ ပြန်လာခဲ့တော့သည်
မဟုတ်ရင်လည်း သူဘာမှ မတတ်နိုင်ဘူးမလား
မနက်ကြရင် စောစော Doyoung ဆီ
သွားဖို့ပါ ဆုံးဖြတ်လိုက်သည်
___________________________________
ညလုံးပေါက် အောင် စောင့်ပြီးး နောက်မှာတော့
နာရီလက်တံ က 6နာရီကို ညွှန်ပြတာနဲ့
သူ မျက်နှာ သစ် လုပ်စရာရှိတာ လုပ်ပြီးး
Doyoung နေတဲ့ တိုက်ခန်း ဆီ ရောက်တော့
မနက် 7နာရီ တောင် ဖြစ်နေပြီ
သူ အခန်းတံခါးကို ခေါက်လိုက်ပေမယ့်
အထဲက ဘာမှ မတုံ့ပြန်လာ ပေ
သူ အချိန်ကြာကြာ ခေါက်လိုက် စောင့်လိုက်
လျှောက်လိုက် လုပ်နေပေမယ့် လုံး၀ တုံ့ပြန်
မလာတာကြောင့် သူ တစတစ စိုးရိမ်စိတ်တို့
၀င်လာခဲ့သည် ရုတ်တရက် Johnny hyung
ပြောဖူးတဲ့ စိတ်ဒဏ်ရာ နည်းနည်းရှိတယ် ဆိုတဲ့
စကားကို အမှတ်ရလာတော့ သူ့စိတ်တွေ
မတည်ငြိမ်တော့ပေ သူဘာလို့ Doyoung
ကို အလိုလိုက်ပြီး ပြန်လာခဲ့ရတာလဲဆိုတာကိုပါ
တွေးရင်း အပြစ်တင်နေမိတော့သည်

ရုတ်တရက် သူ့ဆီ က ထွက်ပေါ်လာတဲ့
ဖုန်းသံကြောင့် လန့်သွားပေမယ့် ခုချိန်မှာ
ဘယ်ဖုန်းမှ ကိုင်ဖို့စိတ်ကူးမရှိတာကြောင့်
တံခါးဖွင့်ရအောင်လုပ်ဖို့ပဲ ကြံနေမိသည်
ဒါပေမယ့် ခနခန ခေါ်လာတဲ့ ဖုန်းသံကြောင့်
သူ အရေးကြီး ဖုန်း ဖြစ်နေမှာ စိုးတာနဲ့
ထုတ်ကြည့်လိုက်တော့ ဒိုယောင်း ဖြစ်နေ၏
ခုနက ကိုင်ဖို့မစိတ်ကူး မိတဲ့ သူ့ကိုယ်သူ
စိတ်ပျက်ရင်းးး ဖုန်းကို ချက်ချင်းကိုင်လိုက်ကာ

"ကျွန်တော် ဘယ်လောက်ထူပူနေလဲ သိရဲ့လား
အမြန် တံခါးဖွင့်ပေးးး "

"ဟယ်လို ဒါ Mr.Jung Jaehyun ရဲ့
ဖုန်း ဟုတ်ပါသလားရှင့် "

ထွက်လာတာက မိန်းကလေးတစ်ယောက်ရဲ့
အသံမို့ အနည်းငယ် ကြောင်သွားပေမယ့်
Jaehyun က အမြန် ဖြေလိုက်သည်

"ဟုတ်ပါတယ် "

"အာ ဟုတ်ကဲ့ ဖုန်းပိုင်ရှင်က ခု ***ဆေးရုံမှာ
ရောက်နေတာ ဖြစ်ပါတယ် "

_________________________________

Love Story Where stories live. Discover now