"ဘယ်လို လဲ Jaehyun hyung"
Mark က လှမ်းမေးပေမယ့်
သူ ပြန်မဖြေ နိုင်ပါ သူ ခုံပေါ်သာ အရင်ထိုင်
ရင်းး အသင့်ရှိေနတဲ့ရေဘူးကိုသာ မော့
သောက်လိုက်သည်"ဘယ်လို ဖြစ်လာတာလဲ မင်းကြည့်ရတာ
စိတ်နဲ့ ကိုယ်နဲ့ ကပ်မလာသလိုပဲ ဟိုက
တခါတည်း ငြင်းလွှတ်လိုက်တာလား"Yuta က ထိုသို့ ပြောလိုက်တော့
Mark က ထရယ်သည်"ကျွန်တော်တော့ သွားပြီ ထင်တယ် "
"တကယ်ကြီး အငြင်းခံရတာလား Jaehyun
ငါတို့ပြောသားပဲ မင်းကို အချိန်ဆွဲမနေပါနဲ့ဆို"Yuta hyung က စိတ်မကောင်းသလို
ထပြောလာသည်"မဟုတ်ဘူးး အဲ့တာကြောင့် မဟုတ်ဘူး"
"အဲ့တာဆို ဘာလို့တုန်း"
"ကျွန်တော် သူနဲ့ အကြည့်ချင်း ဆုံခဲ့တယ် "
အကြည့်ချင်းဆုံတာ လေးနဲ့တောင် စိတ်နဲ့လူနဲ့
မကပ်တဲ့အတိုင်း ဖြစ်နေတဲ့ Jaehyun ကို
ကြည့်ရင်းး Mark နဲ့Yutaက တစ်ယောက်
ကို တစ်ယောက် ကြည့်ရင်းး သက်ပြင်းချကြသည်"သူ ကျွန်တော့်ကို သတိထားမိ သွားရင်
ကောင်းမှာပဲ ""မင်း သူ့အခန်းရှေ့ထိ သွားကြည့်နေတာပဲကို
ဟိုက သတိမထားမိပဲနေမလား""ဟုတ်သားပဲ Jaehyun hyung "
"ဒါပေမယ့် သူကျွန်ေတာ့်ကို သုံးခါပဲ လှည့်ကြည့်တယ်
သူ့သူငယ်ချင်းနဲ့ စကားပြောနေတာပဲတွေ့တယ်
ကျွန်တော့်ကို ဖြတ်သွားဖြတ်လာ တစ်ယောက်လို့ပဲ
ထင်နေတာလားမသိပါဘူး"ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ကြီးက ဖြတ်သွား
ဖြတ်လာ ဆိုတဲ့စကားကို ထုတ်ပြောတော့
Mark နဲ့ Yuta က မျက်ခုံးတွေတောင်
ပင့်မိသည်"hyung ကျွန်တော် ပြောပြမယ် hyung
တလလုံး လည်း ဒီတိုင်းပဲ ချောင်းလိုက်
စာအိတ်လေးတွေပို့လိုက်နဲ့ အဝေးကနေပဲ
ရှိနေခဲ့တာ မလား ခု hyung နောက်ကနေ
တကောက်ကောက်လိုက်ဖို့ အချိန်တန်ပြီလို့
မထင်ဘူးလား""ငါလည်း Markပြောတာ ထောက်ခံတယ် "
နှစ်ယောက်က လက်ဖဝါးချင်းတွေတောင်
ထရိုက်ကုန်ကြသည်
YOU ARE READING
Love Story
Fanfictionဇာတ်လမ်းအစက အပြာရောင် စာအိတ်လေးတွေပေါ့ စကားလုံးလေးတွေကတော့ *ကောင်းသော နေ့လေး ဖြစ်ပါစေ * တဲ့လေ