*ကျွန်တော် ပြောတာလေး စဉ်းစားပေးပါဦး*
*Goodnight 💙*
၀င်ရောက်လာတဲ့ message နှစ်စောင်ကို
ဖတ်ပြီးသွားတဲ့ အချိန်မှာတော့ Doyoungက
ဖုန်းကို ဘေးနားချပြီး မျက်နှာကြက်ကိုသာ
ကြည့်နေမိ၏Jaehyun နဲ့သူနဲ့က အချိန်တခု အတွင်းမှာ
ရင်းနှီးနေကြပြီ ဖြစ်တယ်
*စာအိတ်အပြာလေးတွေ အစား ကျွန်တော်
အစားရောက်လာခဲ့ပေးပါမယ်* လို့ ဆိုထားတဲ့
အတိုင်း Jaehyun က တရက်မှ မပြတ်ပဲ
ရှိနေပေးတာ ဖြစ်၏ ပိတ်ရက်တွေမှာလည်း
ဒိုယောင်း သွားတတ်တဲ့နေရာလေးတွေကအစ
Jaehyun က အကုန် သိနေတော့တာပဲသူက တွေးရင်းး စားပွဲ ပေါ်က စာအိတ်အပြာ
တွေထည့်ထားတဲ့ ဗူးလေးကို လှည့်ကြည့်လိုက်တယ်
Doyoungရဲ့ ဘ၀လေးထဲမှာ တွယ်တာစရာ
ရယ်လို့ စဉ်းစားလိုက်ရင် သူ့ကို ကောင်းကောင်း
ပညာသင်နိုင်အောင် ထောက်ပံ့ပေးနေတဲ့
သူ့ အဒေါ်ရယ် Johnny ဆိုတဲ့ သူငယ်ချင်းရယ်ပဲ
ရှိခဲ့တာ ကျန်တာတွေက ဘ၀ထဲကို ၀င်လာလိုက်
ထွက်သွားလိုက်နဲ့ တိုင်ပတ်နေခဲ့တာ
ဒါ့ကြောင့် Doyoungက ဘယ်ဆက်ဆံရေးကိုမှ
အထင်မကြီးခဲ့ဘူး ဒီစာအိတ်အပြာလေးတွေကိုလည်း
အဲ့လိုပဲ ပေါ့စာအိတ်အပြာလေးကို စတင်ပြီး လက်ခံရတဲ့
အချိန်တုန်းက သူအနည်းငယ် စိတ်လှုပ်ရှားမိတာ
၀န်ခံရမည် အထဲက စာတန်းလေးက
ခံစားချက်ေတွဖွင့်ဟထားတဲ့ ၀န်ခံစာ လေး
မဟုတ်တာက ဒီစာအိတ်ကို သိမ်းထားချင်တဲ့
စိတ်ကို ပိုပြီး စွဲဆောင် ထားတာပင်
တနေ့ပြီးတနေ့ မပျက်မကွက် ရောက်လာတဲ့
စာတွေကိုသာ လွယ်အိတ်ထဲ သိမ်းနေခဲ့ပြီး
စာပိုင်ရှင်ကို စိတ်၀င်မစားဘူး ဆိုရင်တော့
သူလိမ်ရာကျပေဦးမည် ဒါပေမယ့် သူ့ရဲ့
မာနလေးက စာပိုင်ရှင် ကိုယ်တိုင် သူ့ရှေ့
ရောက်လာသည်အထိ စောင့်ဖို့ အမိန့်ပေးခဲ့တာပင်
စာပိုင်ရှင် သာ သူ့ရှေ့ရောက်လာခဲ့ရင်
ဒီစာအိတ်တွေကို ပြန်ပေး မယ် ဒါဆ်ုရင်ရော
စာပိုင်ရှင်က ဘာများ တတ်နိုင်လိမ့်မလဲ
ရက်တွေအများကြီးကြိုးစားတာတောင်
ပြန်ရတာ ဒါပဲ ဆိုပြီး သူ့ကို စိတ်ပျက်ပြီး
သူ့ထက် ပိုကောင်းတဲ့ တစ်ယောက်ကို ရှာသွား
မှာပဲလေ လို့ပဲ သူ အထင်သေးပြီးတွေးခဲ့မိတာ
အတွက် Jaehyun ကို သေးသေးလေး
တော့ အားနာမိသည်
YOU ARE READING
Love Story
Fanfictionဇာတ်လမ်းအစက အပြာရောင် စာအိတ်လေးတွေပေါ့ စကားလုံးလေးတွေကတော့ *ကောင်းသော နေ့လေး ဖြစ်ပါစေ * တဲ့လေ