"မင်း အခွင့်အရေးတခုလောက်တော့ ပေးသင့်
နေပြီ "ဘေးခုံက ဖုန်းကြည့်နေတဲ့ Johnny က
စာအိတ်အပြာလေးကို ကိုင်ကြည့်နေတဲ့
Doyoung ကို လှမ်းပြောလိုက်တာဖြစ်သည်
Doyoung က ခေါင်းအသာခါပြရင်း
ခုံပေါ်တွင် နေရာယူလိုက်သည် ထိုစာအိတ်က
တော့ လွယ်အိတ်ထဲ ရောက်သွားပြီပေါ့"ဒီတခါရော ဘာတဲ့တုန်း
ကောင်းသောနေ့လေး ဖြစ်ပါစေ ပဲလား""မဟုတ်ဘူး လာတွေ့ချင်တယ် တဲ့ "
"နောက်ဆုံးတော့ သူတွေ့ချင်တဲ့ အကြောင်း
ပါလာပြီပေါ့ ""Johnny မင်းဘာလို့ စိတ်အားထက်သန်
နေရတာလဲ သူကဘယ်သူလဲဆိုတာ မင်းလဲ
မသိပဲနဲ့ ""ဒါပေမယ့် ငါရော မင်းရော သူ့ကိုသိချင်နေကြတာ
လေ ""ငါဘယ်မှာ စိတ်၀င်စားနေလို့လဲ "
"အဲ့တာဆိုလည်း အရင်ဆုံး မင်းသိမ်းထားတဲ့
စာအိတ်အပြာ 30ကို မီးရှို့လိုက်ဦး ပြီးမှ
ငါ့ကိုအဲ့လို ဗြောင်ငြင်း "စာအိတ်အပြာ 30 ဆိုတဲ့ စကားကိုကြားတော့
သူအတွေးနယ်ချဲ့မိသည် ဟုတ်တယ်
ဒီစာအိတ်အပြာလေးတွေ တနေ့ တခုနှုန်း နဲ့
ရောက်နေတာ တလ တောင် ရှိနေပြီ
စမြင်ခါစကတော့ စိတ်မ၀င်စားသလို နေလိုက်
မိပေမယ့် ရက်တွေကြာလာတော့
စာအိတ်အပြာလေး က အနည်းငယ်စွဲဆောင်လာသည်
ရိုးရှင်းတဲ့စာအိတ်အပြာလေးတွေကိုတော့ သူ လွှတ်မပစ်ချင်ပါ ဒါ့ကြောင့် သူ စာအိတ်အပြာ
ပိုင်ရှင်လေးနှင့် တွေ့ချင်သည် ပြီးရင်
သူ့ကိုစိတ်အနှောင့်အယှက် ထပ်မပေးဖို့
ပြောချင်ပါသည် သူ့ဘ၀မှာ ရှုပ်ရှုပ်ယှက်ယှက်
တွေ မလိုချင်ပါ သံယောဇဉ်တွယ်စရာတွေရောပေါ့စာအိတ်အပြာလေးမှာ သိပ်ကိုလှတဲ့စာသား
တွေတော့ ပါမနေပါ ကောင်းသောနေ့လေး
ဖြစ်ပါစေ ဆိုတဲ့ စာသားလေးတွေကိုသာ
ထည့်ရေးပေးထားတတ်၏ ဒီလို ရိုးရှင်းမှုလေးက
သူ့အတွက် စွဲဆောင်မှု တခုလို ဖြစ်နေတော့တာပဲ
ဒါပေမယ့် တလပြည့်တဲ့နေ့မှာတော့
လာတွေ့ချင်ပါတယ် ဆိုတဲ့ စာသားလေးပြောင်းလဲ
သွားသည် ဘယ်အချိန်လဲဆိုတာတော့
ပါမလာပေ ဘယ်အချိန်ပဲဖြစ်ဖြစ် ရောက်လာခဲ့
ရင်တော့ ထိုစာအိတ်တွေကို ပြန်ပေးပြီးး
မနှောင့်ယှက်ဖို့ ပြောမယ် လို့တွေးထားပါ၏
ဘယ်သူမှန်းမသိတဲ့ ထိုလူတစ်ယောက်က
နည်းနည်းထူးခြားပြီး သူ့အတွက် အန္တရာယ်လည်း
များ နိုင် သည်"Doyoung အခန်း အပေါက်၀ကို ကြည့်
လိုက်ဦး "Doyoung က Johnny ရဲ့ ညွှန်ပြမှု
ကြောင့် အခန်းအပေါက်၀ကို အကြည့်ရောက်တော့
ကောင်လေးတစ်ယောက်က မတ်တပ်ရပ်နေတာ
ကို တွေ့ရ၏"မင်း ဘာကို ပြချင်တာလဲ "
"သူ မင်းကိုကြည့်နေဝာာ နည်းနည်းတောင်ကြာ
နေပြီ မင်းရဲ့ စာအိတ်ပိုင်ရှင်လေးက သူများလား"Johnny အပြောကြောင့် သူ ပြန်ကြည့်
လိုက်တော့ တကယ်ပဲ သူ့ကိုကြည့်နေတာပင်
အကြည့်ချင်းဆုံသွားတော့ တာ့တာပြကာ
ပြုံးပြလာသည် အနည်းငယ် အိုးတို့အန်းတမ်း
ဖြစ်သွားတာကြောင့် သူ အကြည့်လွှဲရင်းး
ဖွင့်ထားတဲ့ စာအုပ်ကိုသာ အာရုံစိုက်နေတော့၏
သူခနပဲ ကြည့်လိုက်မိတာဆိုပေမယ့်
ထိုကောင်လေးမှာ ပါးချိုင့်လေးတွေရှိနေတာကို
သူ သတိထားမိလိုက်သည်"သူ့နာမည်က Jung Jaehyun
ငါတို့ထက် တနှစ်ငယ်တယ် Basketball
Team new member ပဲ အဲ့တာကြောင့်
ငါမသိတာကိုး "Doyoung က Johnny ကို လှည့်ကြည့်
ပြီး သက်ပြင်းချကာ"အဲ့လောက်တောင် မြန်မြန်ကြီး သိလာရလား
နောက်ပြီး သူက စာအိတ်ပိုင်ရှင် ဆိုတာ
မသေချာပဲနဲ့ ""ဘာလို့ မသေချာရမှာလဲ ဒီမှာ ကြည့် သူ့wall
ထဲမှာ စာအိတ်အပြာတွေ ပဲ တင်ထားတာ "Johnny ရဲ့အပြောကြောင့် သူကြည့်လိုက်တော့
တကယ်ပဲ ထိုကောင်လေးရဲ့ wallတခုလုံးမှာ
စာအိတ်အပြာတွေနဲ့ ပြည့်နေပြီးး ယုန်လေးတွေကို
ပါ တင်ထားတတ်တာတွေ့ရသည်
ထိုသို့တွေ့တော့ ဒိုယောင်း အနည်းငယ်တော့
ရှက်မိသည် သူက ယုန်ေပါက်စနဲ့ တူတဲ့ အတန်း
ခေါင်းဆောင်ဆိုပြီး
နာမည် အနည်းငယ် ကြီးတယ် ဆိုတာ သူ
သိတယ်လေ"ပိတ်လိုက်တော့ ငါ စိတ်မ၀င်စားဘူး
သူ ဆိုတာ သာ သေချာထုတ်ပြောလာရင်
ငါ စာအိတ်တွေအကုန်ပြန်ပေးပြီး မနှောင့်ယှက်
ဖို့ပြောဖို့ စီစဉ်ပြီးသား "Doyoung က ပြောရင်း အပေါက်၀ကို
လှမ်းကြည့်တော့ သူ့ကို ခုထိ ရပ်ကြည့်နေတဲ့
ကောင်လေးကို တွေ့ရသည်
ကောင်လေးက စာသင်ချိန်မစခင် တချိန်လုံး
သူ့ကိုပဲ အဲ့တိုင်း ရပ်ကြည့်နေခဲ့တာဖြစ်သည်💙💌💙
YOU ARE READING
Love Story
Fanfictionဇာတ်လမ်းအစက အပြာရောင် စာအိတ်လေးတွေပေါ့ စကားလုံးလေးတွေကတော့ *ကောင်းသော နေ့လေး ဖြစ်ပါစေ * တဲ့လေ