Doyoung က ကြည့်နေရင်း နဲ့ သိပ်ကို
စိုးရိမ်လာသည် အပျော်ပွဲလို့သာ ပြောပေမယ့်
တဖက် Team က ရှုံးညစ်ညစ်နေတယ်လို့
ခံစားနေရ၏လူ တွေရဲ့ အော်နေတဲ့ အသံပေါင်းစုံကြားကနေ
Jaehyun ကစားနေတာကိုသာ မျက်စိမခွာပဲ
လိုက်ကြည့်နေမိ၏ Jaehyun က
ရုတ်တရက် လဲတော့ မလို ဖြစ်သွားပေမယ့်
အမြန် ပြန်ရပ်ရင်းး ခြင်းထဲကို ရအောင်
ထည့်နိုင်လိုက်သည် နောက်ဆုံးမှာတော့
Jaehyun တို့က အဆင်ပြေပြေ နဲ့
နိုင်သွားတာပဲ ဖြစ်၏ အော်သံတွေလည်း
ဆူညံသွားကာ Doyoung ကပါ
ရောယောင်ပြီး မတ်တပ်ရပ်မိရင်းး
သူ့ဘေးနားက Mark ကိုပါ
ရိုက်မိတော့မလိုဖြစ်သွားတော့ Markက
ပြုံးကြည့်ရင်းး လက်ဖဝါးချင်း ရိုက်လာ၏
ဟုတ်တယ် သူနဲ့Mark က Jaehyunနဲ့
ပက်သက်ပြီး ခင်နေကြတာဖြစ်၏ Mark
က သိပ် ချစ်စရာကောင်းတယ်Jaehyun က လူတွေအုံနေတဲ့ကြားကနေ
သူနဲ့ Mark ကို တွေ့သွားပုံရသည်
စကားအနည်းငယ် ပြောပြီး တာနဲ့ သူတို့ဆီ
လာ၏ Jaehyun အနားေရာက်ခါနီးကြ
Mark က ပုဝါနဲ့ ရေဘူးကို Doyoung လက်ထဲ
ထိုးထည့်လာ၏"ဟေး Jaehyun hyung ပင်ပန်းသွားပြီ"
Mark နဲ့ လက်ဖဝါးချင်း ရိုက်ပြီး စကား
အရင်ပြောနေကြ၏"Yuta hyung ရော မင်းနဲ့ အတူရှိနေမယ်
ထင်တာ ""ပွဲပြီးခါနီးမှ ပြန်သွားတာ သူတို့ အတန်းခေါင်းဆောင်
က သိတဲ့အတိုင်း "Mark က စိတ်ပျက်လက်ပျက် ညည်းညူရင်း
ပြောတော့ Jaehyun က ခေါင်းလေးကို
ဖွပြီး နှစ်သိမ့်ပေး၏ Markကလည်း
အချိန်ဆွဲလို့ မဖြစ်တာကြောင့် နှုတ်ဆက်ပြီး
နောက်နေ့ တွေ့ကြမယ့် အကြောင်း ပြောရင်း
ထွက်သွား၏ မသွားခင် Doyoungကို
ပုဝါကို အချက်ပြသွားသေး၏
ထို့နောက် Jaehyun က ချွေးတေွ ရွှဲ
နေပေမယ့် လည်း သိပ်ကိုပျော်နေတဲ့ မျက်လုံး
တွေနဲ့ သူ့နားလာရပ်သည်"ရေ ရေသောက်လိုက်ဦးး ပင်ပန်းသွားပြီ "
ရေဘူး ပေးလိုက်တော့ Jaehyun က
တဆက်တည်း မော့သောက်နေသည်"ဖြည်းဖြည်းသောက်ပါ ဒါနဲ့ မင်းအဆင်ပြေရဲ့
လားး သူတို့က မင်းကို ထားလိုက်ပါ
တော်တော်ကိုမကောင်းဘူး
မင်း တခုခု ဖြစ်မှာ စိုးနေတာ တော်သေးတယ်
ပွဲကအဆင်ပြေပြေပြီးသွားလို့ "
YOU ARE READING
Love Story
Fanfictionဇာတ်လမ်းအစက အပြာရောင် စာအိတ်လေးတွေပေါ့ စကားလုံးလေးတွေကတော့ *ကောင်းသော နေ့လေး ဖြစ်ပါစေ * တဲ့လေ