Jaehyun က သူမနေ့က ပြောခဲ့တာတွေကို
ပြန်တွေးပြီး ခုမှ ပြန်ရှက်နေတာ ဖြစ်၏
ဒါပေမယ့် သူနောင်တမရပါ ဘာလို့ဆို
သူပြောတာလေးကို ကြောင်တောင်တောင်လေးနဲ့
ငြင်းတောင် မငြင်းနိုင်ပဲနားထောင်ပေးနေတဲ့ပုံစံလေးက
သိပ်ချစ်ဖို့ကောင်းသည်လေခုလည်းသူ သူတို့အတန်းက စောပြီး နေတာမို့
လာစောင့်နေတာဖြစ်သည် ဒါပေမယ့်
သူပြုံးစိစိနဲ့တွေးနေတုန်းမှာ သူ့ရှေ့ကနေ
မသိမသာ ဖြတ်သွားတဲ့ အရိပ်ကလေးကို
သတိထားလိုက်မိတာကြောင့် သူအပြေးလေး
လိုက်သွားရသည် တကယ်မလွယ်ဘူး ဒီလူ" ကျွန်တော့်ကို တမင် ရှောင်သွားတာပေါ့
Kim Doyoung က "
"ဒါပေမယ့်လည်း ကျွန်တော်က လျင်တယ်လေ"
"ကျွန်တော် တို့ ခု""Jung Jaehyun!"
မှန်ပါတယ် Jaehyun က ပြောနေရင်းး
Doyoungကသူ့နံမည်ကို
ထအော်လိုက်တာ ဖြစ်၏ ဘာလို့ဆို
တဖက်ကလာနေတဲ့ ဘောလုံးက
Jaehyun ဆီ တည့်တည့်ကြီးရောက်လာ
နေတာကြောင့် ဖြစ်သည် ဒါပေမယ့် Jaehyun
ကို ထိမသွားပါ ဘာလို့ဆို Doyoungက
ရှေ့က ရပ်လိုက်တာကြောင့် ဖြစ်သည်
သူ အလန့်တကြားနဲ့ Doyoung ကို
ကြည့်တော့ နှာခေါင်းလေးကို အုပ်ထား၏"အဆင်ပြေရဲ့လား ဟင် အဆင်ပြေရဲ့လား
ကျွန်တော့်ကိုပြပါဦး""မင်း! ဘယ်နားက သွားလျင်တာတုန်း တကယ်ပဲ"
Doyoung က နှာခေါင်းကို အုပ်ကိုင်နေတဲ့
ကြားကနေ Jaehyun ကို ဆူလိုက်တာ
ဖြစ်သည် အတန်းခေါင်းဆောင် ပီသပါပေတယ်
လို့ Jaehyun က စိတ်ထဲက ရွတ်လိုက်သည်
ခနနေတော့ ဘောလုံးပိုင်ရှင်တွေရောက်လာ၏"တောင်းပန်ပါတယ် အတန်းခေါင်းဆောင်
ကျွန်တော်တို့ စရင်းနောက်ရင်းကနေ လွတ်
သွားတာပါ ""ဒီတခါထားလိုက်တော့ နောက်တခါ မဖြစ်စေနဲ့"
"ဟုတ်"
ဆိုကာ ကျောင်းသားနှစ်ယောက်က ဘောလုံး
ယူပြီး ထွက်သွားကြ၏
Doyoung က အုပ်ကိုင်ထားတဲ့ လက်ကို
ရုတ်လိုက်တော့ နှာခေါင်းလေးက နီတောင်နေ၏"အဆင်ပြေရဲ့လားဟင် ကျောင်းဆေးခန်း
သွားကြမယ်နော် ""ဒီလောက်က ငါ ဘာမှမဖြစ်ပါဘူး ကျောင်း
ဆေးခန်းသွားရလောက်တဲ့အထိတော့ "
YOU ARE READING
Love Story
Fanfictionဇာတ်လမ်းအစက အပြာရောင် စာအိတ်လေးတွေပေါ့ စကားလုံးလေးတွေကတော့ *ကောင်းသော နေ့လေး ဖြစ်ပါစေ * တဲ့လေ