8

205 25 4
                                    

ဇာတ်လမ်းက ဒီမှာ ရပ်သွား၏
အကြောင်းကတော့ Jaehyun က
ခနရပ်ကာ Toilet ခွင့်ပြုဆိုကာ
ထွက်သွားတာကြောင့် ဖြစ်၏
Jaehyun ထွက်သွား တဲ့အချိန်မှာ
Chenle နဲ့ Jisung နှစ်ယောက်က
ခေါင်းချင်းဆိုင်ကြတော့တာပဲ

"Jisung ရ သူတို့ဇာတ်လမ်းက နည်းနည်း
နှမြောစရာမကောင်းလွန်းဘူးလား "

"ဒါပေမယ့်လည်း ကံတရားက လွန်ဆန်လို့မှ
မရတာ "

Jisungရော Chenleရောက သက်ပြင်း
တွေချကြ၏ ခနကြာတော့ Chenle‌ဆီက
လက်တို့ တာကို ခံစားရတာကြောင့်
ဓာတ်ပုံကအာရုံတွေက Chenleဆီ
ရောက်သွားတော့

"Jisung ရ တံခါးအပေါက်၀ ကို ကြည့်
လိုက်ဦးး မင်းတစ်ယောက်ယောက်ကို မြင်ရဲ့လား"

Chenleက မျက်တောင် တောင်မခတ်ပဲ
အရှေ့ကို ကြည့်ကာ ပြောနေတာမို့
Jisung က လည်း Chenleကြည့်ရာ
နေရာကို လိုက်ကြည့်လိုက်ပြီးနောက်
နှစ်ယောက်သားက မျက်နှာချင်းဆိုင်မိကြ၏

"Chenle တာ့တာပြနေတယ် တစ်ယောက်ယောက်"

"အဲ့တစ်ယောက်ယောက်က တစ်ယောက်ယောက်
နဲ့ တူနေတယ်လို့ မထင်ဘူးလား "

သူတို့နှစ်ယောက်လုံးက မထင်မှတ်ပဲ
ဓာတ်ပုံကို ကြည့်လိုက်ကြ၏
ဟုတ်တယ် ဒီဓာတ်ပုံထဲက Jaehyun hyung
ရဲ့ ကောင်လေး နဲ့ တူတဲ့လူတစ်ယောက်က
ခြံတံခါး၀ကနေ သူတို့ရှိရာကို လှမ်းကြည့်ရင်း
တာ့တာတွေပါလုပ်ပြနေ၏

"Chenleရ hyungပြောတော့ ကောင်းမွန်
တဲ့ တစ်နေရာကို ရောက်နေပြီဆို "

"ဘယ်လိုလုပ်ကြမလဲ Jaehyun hyung
ကို အော်ခေါ်လိုက်ကြမလား မင်းမကြောက်ပါနဲ့ "

သူတို့နှစ်ယောက် တိုးတိုး တိုးတိုး လုပ်နေစဉ်
မှာပဲ hyung ဆိုတဲ့ အသံနဲ့အတူ
Jaehyun က ခြံတခါးဆီ ပြေးသွားတာ
တေ‌ွ့တာကြောင့် ChenleရောJisungရောပါ
မတ်တပ်ရပ်ကာလိုက်ကြည့်မိကြ၏
ထို့နောက် ခြံတံခါး ကိုဖွင့်လိုက်ပြီးတာနဲ့
ခုနက ခြံတံခါးရှေ့က လူကို Jaehyunက
ရင်ခွင်ထဲ မြုပ် မတတ် ဖက်လိုက်တော့တာပဲ
Jisungနဲ့ Chenleကတော့ တစ်ယောက်ကို
တစ်ယောက်ကြည့်လိုက် အရှေ့က မြင်ကွင်း
ကို ကြည့်လိုက်နဲ့ သူတို့ဘာတွေလွဲနေလဲဆိုတာ
ပြန်စဉ်းစားနေကြတာပဲ

Love Story Where stories live. Discover now