"ဟိုတပတ်က လာမှာထားတဲ့ ပန်းစည်းလေး
တွေ လာယူတာပါဗျ "အသံချိုချို အေးအေးလေးကြောင့် Jaehyun
က Counter နောက်မှာ ဖုန်းကြည့်နေရင်းကနေ
လှမ်းကြည့်မိတော့ ကောင်လေးတစ်ယောက်ပင်
ကောင်လေးကို ကြည့်ရတာ ကောင်းကင်ပြာကို
ကြည့်နေရသလိုပဲ သိပ်ကိုကြည်လင်တယ်လို့
သူ မှတ်ချက်ချမိသည်"အာ Kim Doyoung ဆိုတဲ့ နာမည်လေး
နဲ့ order အပ်ထားတာ ထင်တယ်ဗျ ""ဟုတ်ပါတယ် ဟုတ်ပါတယ် "
"ဒါဆို ထိုင်ပြီး ခနလောက်စောင့်ပေးပါဗျာ
တကယ်လို့ အချိန်မရဘူးဆိုရင်လည်း
လာပို့ရမယ့်နေရာလေးကို ကျွန်တော်တို့ကို
ပို့ထားပြီးတော့ မကြာအောင် ချက်ချင်း
လာရောက်ပို့ဆောင်ပေးပါ့မယ် ဘယ်လိုလုပ်ချင်ပါလဲ""ရပါတယ် ကျွန်တော် ဒီမှာပဲ စောင့်နေပါ့မယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်နော် "
Mark က ပြောဆိုပြီးတာနဲ့ သူ့ဆီ လျှောက်
လာပြီးး"Jaehyun hyung ခနလောက် ကြည့်
ထားပေးပါဦးနော် ဆိုင်ကို"Jaehyun ကပြုံးပြလိုက်ရင်း ခေါင်းငြိမ့်ပြ
လိုက်သည်
Jaehyun က ပထမနှစ်ကျောင်းသားဖြစ်ပြီး
Mark က အထက်တန်း အောင်ထားတာ
ဖြစ်၏ ဒီဆိုင်လေးက Markရဲ့ အဒေါ်
ဆိုင်လေးဖြစ်ပြီးး Markက ပိတ်ရက်မှာ
ကူပေးနေတာဖြစ်သည် ခုလို တစ်ယောက်တည်း
တောင် လက်လွှတ်ထားနိုင်တဲ့အထိပင်
Jaehyun ကတော့ Markရဲ့ အိမ်နီးချင်း
အကို ဖြစ်တာကြောင့် သူငယ်ချင်းများများစားစား
မထားပေမယ့် Markကိုသာ သူငယ်ချင်းလို
ညီလို ပေါင်းနေတာ ဖြစ်၏
သူ တွေးနေတုန်း ရယ်သံဖွဖွလေး ကြားတာကြောင့်
လှမ်းကြည့်တော့ ယုန်ရုပ် ပိစိလေးတွေကို
အသည်းယားသလို ကြည့်နေတာကိုတွေ့ရ၏နောက် ထိုကောင်လေးရဲ့ အာရုံလေးက
ပြောင်းသွားသည် အဲ့ဒါကတော့ အပြာရောင်
စာအိတ်လေးတွေ ချိတ်ဆွဲထားတဲ့ စင်လေး
မှာပဲ ဖြစ်သည် တအားကို သဘောကျနေတယ်
ဆိုတာ မျက်နှာမှာ အလုံးစုံကို ဖော်ပြထားတယ်လို့
Jaehyun က စိတ်ထဲမှာ မှတ်လိုက်တယ်
စာအိတ်တွေကို သေချာ ဂရုတစိုက် ကိုင်ကြည့်
နေတဲ့ မြင်ကွင်းလေးက Jaehyunရဲ့
အာရုံ အလုံးစုံကို စွဲဆောင်ထားသည်
ရိုးရှင်းတဲ့ အပြုအမူလေးတွေက Jaehyun
ကို ကြည့်ကိုကြည့်ရမယ် လို့ကို ပြောနေသလိုပင်
သူ ခုမှစတွေ့တဲ့ လူတစ်ယောက်ကို ဒီလောက်ကြီးထိ
ကြည့်မနေဘူးပါ
YOU ARE READING
Love Story
Fanficဇာတ်လမ်းအစက အပြာရောင် စာအိတ်လေးတွေပေါ့ စကားလုံးလေးတွေကတော့ *ကောင်းသော နေ့လေး ဖြစ်ပါစေ * တဲ့လေ