Unicode
4//
"မမွှေး လာလေ ထိုင်ဦးနော် သားကိုခေါ်ပေးမယ် ၊ကိုလွင်မောင်ကတော့ ပြန်မလာသေးဘူး သားမဏိနဲ့အတူပြန်လာမယ်ပြောတယ် သမီးကလည်း မန္တလေးကအိမ်မှာ ရောက်နေတယ် ခုညတော့မပြန်ဖြစ်တော့ဘူးတဲ့ အဲ့တော့ကျမတို့ပဲရှိတယ် ၊မမွှေးကတော့ ညစာစားပြီး အေးဆေးမှပြန်နော် မင်္ဂလာကိစ္စလည်းပြောချင်သေးလို့တဲ့ သူ့အဖေက မြန်မြန်ပြီးချင်နေပြီတဲ့ အိမ်မှာမြင်နေရတာ မျက်စိနောက်လို့တဲ့လေ"
"မဟုတ်တာနွယ်ရယ် သာသာလေးက လိမ်မာပါတယ် သူဆိုးရတဲ့သူမိိုလို့ဆိုးတာပါ မမွှေးတော့ ချစ်တယ် အဲ့ဒါကြောင့်လဲ အိမ်ကိုအပြီးခေါ်ထားချင်တာပေါ့ မဏိက တားနေလို့"
"ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့ သူ့အဖေက အရမ်းလောနေတာ ဘာလို့မှန်းမသိဘူး နွယ်လဲ ဘယ်လိုမေးမေး မရဘူး "
"အင်း...ဘာပဲဖြစ်ဖြစ် မွေးနေ့ရှင်စိတ်ကြိုက် ခုညဆွေးနွေးကြတာပေါ့ "
"ဟုတ်ကဲ့ ..ဒါဆို ခေါ်လိုက်ဦးမယ် ဒီကလေးဘာလုပ်နေလဲမသိဘူး.. သားရေ သာသာ ဒီမှာတီမွှေးလာတယ်.....!! "
မေမေ၏ အော်သံကြောင့် ကြည့်လက်စ စာအုပ်ကိုပိတ်ကာ အောက်ထပ်သို့ပြေးဆင်းခဲ့သည်။
"လာပြီမေမေရေ...!!"
"သာသာရယ် လိမ့်ကျနေပါဦးမယ် ဘာလို့ပြေးဆင်းလာတာလဲ မေမွှေးက သူစိမ်းလား"
မွှေးက မေမွှေးဟု ဆိုသောကြောင့် ရှက်သွားသလားပဲ။အိမ်ပေါ်ကပြေးဆင်းလာတာ သူမဟုတ်တဲ့အတိုင်း ခေါင်းလေးငုံ့ကာ အနားလာရပ်သည်။မွှေးလဲ ချစ်စဖွယ်ကလေးကို စချင်လာသဖြင့်
"အမယ်..!သာသာလေးက ရှက်နေတယ်တော့ ကြည့်စမ်းပါဦး မျက်နှာတောင်မော့မလာတော့ဘူး နွယ်ရေ မမွှေးတို့ကလေးလေး လူကြီးဖြစ်လာပြီထင်တယ်"
"ဟုတ်ပ ဟုတ်ပ"
အတိုင်အဖောက်ညီနေသူ မေမေနှစ်ယောက်ကြောင့် သာသာလည်း ရောယောင်ကာ ခေါင်းငြိမ့်လိုက်မိ၏။
"အဲ မမွှေးရေ သာသာက ဟုတ်တယ်တဲ့ ဟား ဟား"
"မေမေတို့ကလည်းဗျာ"