13//
ပြည်မြို့မှ သုံးနာရီကြာ မောင်းနှင်ပြီးနောက်။
"အသေးလေး.... မကွေးရောက်ပြီ ကိုယ်တို့ဒီည ဒီမှာအိပ်မယ် ၊hotel မှာ အခန်းကြိုယူပြီးပြီ "
"ဟုတ်..."
အသေးလေးက ဒီတကြိမ်တော့ ငြင်းဆန်တဲ့စကားမဆိုတော့။ကားရပ်ရပ်ချင်း အထုပ်တွေ ဆွဲကာအရင်ဆင်းသွားသည်။သူခရီးပန်းမှာ ဆိုးလို့ ဒီနေ့ တနေ့ခင်းလုံးအနားယူမည်။ညနေစောင်းမှပဲ ထွက်လည်တော့မည်။
Hotel respection မှဝန်ထမ်းကောင်လေးအား မှတ်ပုံတင်ပေးလိုက်သည်။
"အရင်တပတ်က ph ဆက်ထားတဲ့လူပါ"
"ဟုတ်ကဲ့ပါ အသင့်ပြင်ထားပြီးပါပြီ ၊ 101 နဲ့ 102 ပါ ကျွန်တော်လိုက်ပို့ပါ့မယ်ခင်ဗျ"
"ကျေးဇူးပါ"
Hotel respection မှ ဝန်ထမ်းကောင်လေး၏ ညွှန်ပြမှုကြောင့် နှစ်ယောက်သားအထုတ်ဆွဲကာ အပေါ်ထပ်တက်ခဲ့သည်။
"ဒီမှာပါဗျ..ဘေးချင်းကပ်ရက်နှစ်ခန်း ၊ အဆင်ပြေသလို နေနိုင်ပါတယ်...လိုအပ်တာရှိရင် အခန်းထဲမှာ ဖုန်းရှိပါတယ် ဆက်သွယ်လိုက်ပါ"
ဝန်ထမ်းကောင်လေး ထွက်သွားမှ မော်ကွန်းလည်း အခန်းတွင်း ဦးစွာ ဝင်ခဲ့သည်။အသေးလေးလည်း သူ့အခန်းသူ ဝင်သွားလိမ့်မည်။
ခုလောက်အချိန်အကြာကြီး ကားမမောင်းဖူး၍ မော်ကွန်း ခါးတွေတောင့်နေသည်။ထို့ကြောင့် ကုတင်ပေါ် လှဲကာ ကျောဆန့်လိုက်သည်။
ခဏလှဲပြီး ဝန်ထမ်း ကောင်လေးကို လိုအပ်တာကို ph ဆက်ပြောလိုက်သည်။
ထို့နောက် အိပ်ယာပေါ်ပြန်လှဲကာ အိပ်လိုက်တော့သည်။
ဒုန်း....ဒုန်း
အခန်းတံခါးအား ထုရိုက်မှုကြောင့် မော်ကွန်းအိပ်ယာမှနိုးလာသည်။ဘယ်ချိန်ရှိပြီလဲမသိ.. ညနေစောင်းပြီလား။
"ဦးမော်ကွန်း...ဖွင့်ဦး"
အသေးလေး၏ အသံ။သူဘာလာလုပ်ပြန်တာလဲ ပင်ပန်းနေတာမအိပ်ပဲနဲ့။မော်ကွန်း တမင်ငြိမ်နေလိုက်သည်။ကိုယ်မှဖွင့်မပေးရင် သူ ပြန်အိပ်နေလိမ့်မည်။