Unicode
Ending
ဝန်းကျင်တခွင်၌ ဆီးနှင်းဖြိုင်ဖြိုင်ကျနေကာ သဇင်ဖြူဖြူတို့ ရနံ့သင်းလျက်ရှိသော ဆောင်းချမ်း နံနက်ခင်း ကာလတစ်ခုဝယ်.......။
"အိပ်ပုတ်လေး နိုးပြီလားကွ"
"ဟုတ် ဒယ်ဒီ"
ဖြူစွတ်စွတ် ညအိပ်ဝတ်စုံလေးနဲ့ ကုတင်ပေါ် မတ်တပ်ရပ်နေသူကို မော်ကွန်း အသဲယားသဖြင့် တစ်ကိုယ်လုံး နမ်းပစ်လိုက်သည်။
ယားသဖြင့် တစ်ကိုယ်လုံးတွန့်လိမ်နေသည့် သား။
"ဒယ်ဒီ အကျင့်ပုတ်"
နှုတ်ခမ်းဆူနေပြီဖြစ်သော သားတော်မောင်။သားလေးက သူ့ကိုအဲ့လို လုပ်ရင် နည်းနည်းလေးမှမကြိုက်။
"စိတ်ကောက်တာလား ကွန်းစေသာ"
"No.."
*ကွန်းစေသာ* ဆိုတဲ့အမည်နာမလေးနဲ့ ချစ်စဖွယ် သုံးနှစ်သားလေးက မော်ကွန်းနဲ့အသေးလေးတို့၏ တစ်ဦးတည်းသော သားလေး။
"ဒါဆို စီစီလေးက လိမ်မာတယ်ပေါ့"
"Yes.."
CONN ဆိုသည့် စကားလုံးမှ ရှေ့စာလုံး C (စီ) ကို အစွဲပြုကာ ချစ်စနိုးဖြင့် စီစီဟု အတိုကောက်ခေါ်တာဖြစ်သည်။ဒါက သူ့ ပါပါးပေးထားတဲ့ အိမ်နာမ်မည်။
"ဦးမော်ကွန်းရယ် ဘယ်လိုဖြစ်လို့ ကလေးကိုစနေတာလဲ ငိုတော့မယ်"
လူမရောက်ခင် ဆူပူသံက အရင်ရောက်လာသည်။နှစ်တွေဘယ်လောက်ကြာကြာ ချစ်မဝလေးအသံက အရင်လိုပဲ စူးချဥ် နေတုန်းပင်။
"ကိုယ် အသဲယားလို့ပါကွာ ပြောပါဦး ကိုယ့်ချစ်မဝလေးရဲ့ ဘယ်လိုလုပ် ကိုယ်နဲ့ချွတ်စွပ်တူတဲ့သားလေး မွေးပေးနိုင်ရတာလဲ ဧကန္တ ကိုယ်အားများခဲ့လို့ထင်တယ်"
နှာလုံးလုံး လေးအား ခပ်ဖွဖွဖျစ်ရင်း အကြောင်းအရင်းကို မေးမိ၏။
"ဟာ ခင်ဗျား ဘာတွေပြောနေတာလဲ ကလေးရှေ့မှာ"
ပူးကပ်နေတဲ့ အဖေနှစ်ယောက်ကို စူးစိုက်ကြည့်ပြီး သားကအနားရောက်လာသည်။
"ပါပါး ချီ"
"ချီမှာပေါ့ကွ...အား ပါပါးသားလေး ဝလာပြီပဲ"