3//

2.8K 117 4
                                    

Unicode

3//

Ring....Ring

" ညီလေး ပြောလေ"

"........"

"ဟုတ်တယ် ကိုစေမလာအားသေးဘူး December လကုန်လောက်မှလာဖြစ်မယ် ဘာလို့လဲ ကိစ္စရှိလို့လား"

"........."

"အေးပါ ဒါဆို ကိုစေ အစည်းဝေးရှိလို့ ဒါပဲနော်"

မြန်မာနိုင်ငံ ပြန်ဖို့ပြင်တာ ရက်ပေါင်းလည်းမနည်းတော့။ပြန်မယ်လုပ်ရင်း အကြောင်းကပေါ်လာရင်း။ခုလည်း စက်ရုံနဲ့ Designer ကြား ပြဿနာတက်နေသည်။နမူနာထုတ်တုန်းက အတည်ပြုခဲ့တဲ့ Design က တိကျနေပေမဲ့ ထွက်လာတော့ တချို့ကမှားနေသည်။ကိုယ်လည်း အကုန်လိုက်စစ်ဆေးခဲ့ပေမဲ့ ဘယ်နေရာလွဲမှားနေခဲ့လဲမသိ။

"ရောက်ပါပြီ boss"

"အေး"

အေးဆိုတဲ့ CEO က ကားပေါ်ကမဆင်းပဲ company အဆောက်အဦ ကိုကြည့်နေသည်။ကိုယ်လဲ ဘာရယ်မဟုတ် လိုက်ကြည့်မိသည်။

CONN ...... Co.Ltd

CONN (ကွန်း) ဆိုတာ အမျိုးသားဝတ် သီးသန့် အဝတ်အထည်နှင့် ဖိနပ် များထုတ်လုပ်ရောင်းချသည့် company တစ်ခု။ကမ္ဘာ့စျေးကွက်တွင် luxury brand တစ်ခုအနေနဲ့ CONN တံဆိပ်ဆို လူတိုင်းကသဘောကျ ကြသည်အထိ အောင်မြင်နေသော အဝတ်အထည် brand တစ်ခုဖြစ်သည်။ရာသီမရွေး design အမျိုးမျိုးထွက်ကာ ခေတ်မှီလှပပြီး စျေးနှုန်းကလည်း တော်ရုံလူမကပ်နိုင်ပေ။

အခြေစိုက်က UK တွင်ရှိပြီး လက်ခွဲဆိုင်ခွဲများလုံးဝမရှိ။ရောင်းချခွင့်လည်း မပေးသလို ဖြန့်ဖြူးခွင့်လည်း မပြု။ အရောင်းဆိုင်ကလည်း company မြေညီထပ်မှာပင် sales staff ပေါင်းများစွာနှင့် တိုက်ရိုက်ရောင်းချသည်။

ထို့ကြောင့် လိုချင်သည့် သူများသည် CONN နှင့် တိုက်ရိုက်ချိတ်ဆက်ကာ ဝယ်ယူမှရသည်။ထိုသို့ စျေးကွက် ချဲ့ထွင်ခြင်းမရှိတာတောင် ဝယ်ယူမှုက တနေ့ထက်တနေ့ အဆမတန်မြင့်မားလာက တနှစ်လျှင် ပေါင် သန်းများစွာ ဝင်သည်အထိ ရောင်းအားကောင်းလေသည်။

CONN မှ ဝန်ထမ်းအများစုသည် မြန်မာလူမျိုးများဖြစ်ပြီး တချို့သောပညာရှင်များသာ foreigner များဖြစ်သည်။ဒါဟာလည်း အုပ်ချုပ်သူ၏ အကျိုးအမြတ်တွက်ခြင်းပင်။

Sweet Love [ Completed ]Où les histoires vivent. Découvrez maintenant