10//

2K 79 5
                                    

Unicode

10//

မနက်ခင်း ထနေကျမို့ အကျင့်ဖြစ်ကာ သာသာတစ်ယောက် နိုးလာလေသည်။မျက်လုံးဖွင့်ဖွင့်ချင်း တွေ့မြင်ရသည်က ခန်းစီးစကြားမှ အခန်းတွင်းသို့ ထိုးဖောက်ဝင်လာတဲ့နေရောင်။ဖျော့တော့တော့ အရောင်က မျက်စိမကြိမ်းပေမဲ့ သာသာ ခုထိအကျင့်မရသေး။နှစ်ပေါင်းများစွာ နေမင်းကိုမုန်းမိခဲ့ပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သဘောကျတတ်လာသည်။မနက်ခင်းတိုင်း ရပ်ကြည့်ရတာ အလေ့တစ်ခုလိုတောင်ဖြစ်နေ၏။

လေတိုးဝှေ့နေသည့် ခန်းစီးစသည် တဖျတ်ဖျတ် ခတ်ကာ လူးလွန့်လှုပ်ရှားနေသည်။ပြတင်းပေါက်တွင်ရပ်ရင်း ထိုအစကို ဆုပ်ကိုင်ကာ ဖြတ်တိုက်လာသည့်လေကို တဝကြီးရှူမိလိုက်သည်။လတ်ဆတ်သည့်လေမို့ စိတ်အစဥ်ကအေးချမ်းသွားရသည်။

ဒီလိုမနက်ခင်းတိုင်း သတိရမိသည်က ဖေ့ဖေ့ကို။ အတူတူအိပ်နေရင်း ဘေးနားကလူ မနက်အစောကြီးထသွားရင် ငိုတတ် ကောက်တတ်တဲ့ သာသာကို ဖေဖေက စကားတချို့နှင့် ရှင်းပြခဲ့ဖူးသည်။ငယ်ငယ်က ကြားခဲ့ရတဲ့စကားပေမဲ့ သာသာခုချိန်ထိမမေ့။

: သား  လူရယ်လို့ဖြစ်လာလျှင် မနက်ခင်းမှာနိုးထရမယ် ညခင်းမှာ အိပ်စက်ရမယ် :

ဒီစကားလုံးတွေက ရိုးရှင်းပေးမဲ့ ရာနှုန်းပြည့်လည်း မှန်ကန်နေသည်။စားဝတ်နေရေးအတွက် မနက်ကနေ မိုးချုပ်ထိ ရုန်းကန်ကြရသည်။တနေကုန်ပင်ပန်းသဖြင့် ညအခါအိပ်စက်အနားယူရသည်။ဒီလိုနဲ့ သံသရာလည်တာက လူတွေပင်။

ဖေဖေ သာသာ့ကိုထားခဲ့တာ ဒီနေ့နဲ့ဆို ငါးလတင်းတင်းပြည့်ခဲ့လေပြီ။တနေ့မှမမေ့ခဲ့ပဲ ပိုလို့သာတိုးလို့သတိရမိသည်။ပြန်လည်သတိရလာခြင်းမရှိတဲ့ မေမေကလည်း သာသာ့ကို မျက်ကွယ်ပြုထားသည်။တယောက်ထဲရှိတဲ့ မမကလည်း သင်္ကြန်ပိတ်ရက်ပြီးတော့ တမ်းပြန်သွားသည်။

ခုချိန်ဆို ကိုကိုရောဘာလုပ်နေမလဲ။ချစ်တယ် တဖွဖွပြောပြီး စိတ်မချဘူးဆိုတဲ့လူက အခုရောဘယ်ရောက်နေတာလဲ။ညဘက်အိပ်မက်ထဲတောင်အလည်မလာတော့။

မိုးကလည်း USA ကိုထွက်သွားပြီ။ရိုးကတော့ သာ့သာ့လိုပဲ အဝေးသင်တက်ကာ သူ့အဖေအလုပ်ကို ဝင်ကူနေသည်။သူလည်း မအားတော့ ပိတ်ရက်လောက်သာ တွေ့ရတော့သည်။ ကာရာအိုကေဆိုင်တောင် မရောက်ဖြစ်တာ ကြာပြီ။မှတ်မှတ်ရရ မတ်လ ၈ ရက်ကနောက်ဆုံး သွားခဲ့တာပင်။

Sweet Love [ Completed ]Where stories live. Discover now