အပိုင်း(၁)

16K 621 29
                                    

လေးပင်သောခြေလှမ်းတိူ့နှင့်အတူ အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။
ဒီနေ့ကျွန်မရန်ကုန်မြို့ကိုစွန့်ခွါ၍ မွန်ပြည်နယ်ကလော့ ရွာသို့ပြောင်းရမည်။ဆရာဝန်လုပ်သက်အစ မို့စိတ်လှုပ်ရှားနေသည်။ ဒါ့ထက်ဆိုးသည်ကား ကျွန်မနယ်မြို့တွေကိုသိပ်စိတ်ညစ်မိသည်။ရွံ့ဗွက်ပေသလူးနေသည့် ခြေအစုံ စားစရာမယ်မယ်ရရမရှိ ထိုအရာတွေကားကျွန်မစိတ်အညစ်ရဆုံးပင်။ကံဆိုးသည်က ကျွန်မရဲ့ပထမဆုံးသောတာဝန်ဟာ ထိုကျေးရွာသို့ကျခြင်းဖြစ်သည်။

ညကတည်းက အထုပ်အပိုးတွေစီစစ်ထားပြီးသားမို့ ရေမြန်မြန်ချိုးလိုက်ရသည်။မနက်(၉)နာရီကားမို့ အလျှင်အမြန်ပြင်ရဆင်ရသည်။ပြင်ဆင်သည်မှာလည်းများများစားစားမရှိ။ကျွန်မလို အလှအပမမက်သူအဖို့ အချိန်ဆယ့်ငါးမိနစ်သာကြာသည်။
အိမ်တံခါး အသေအချာ ပိတ်ကာလမ်းထိပ်သို့ထွက်လာခဲ့သည်။
တွေ့ရာ အငှားကားတစီးအား တားကာ ရာဇာမင်းကားဂိတ်သို့ ‌မောင်းခိုင်းလိုက်သည်။
စာဖတ်ရသည်ကိုသဘောတွေ့သဖြင့် မအားလပ်ရင်တောင် ကျွန်မမနက်တိုင်းသတင်းစာတော့ဖတ်ဖြစ်သည်။
ကြေးမုံ....၁၉၉၇ တော်သလင်းလ ၁၅ရက်

"မိန်းကလေး ကားဂိတ်ရောက်ပြီနော့"

စကားအသဲခပ်ဝဲဝဲကားဆရာကြောင့်သတင်းစာဖတ်ရာမှခေါင်းထောင်ကြည့်မိသည်။ဟုတ်ပါရဲ့ ရာဇာမင်းကားဂိတ်သို့ရောက်လေပြီ။ကားဆရာအား ငွေတထောင်ထုတ်ပေးလိုက်သည်။
ထို့နောက် ကားစီးရန်သိပ်မစောင့်လိုက်ရ ကျွန်မရောက်ပြီးတအောင့်အကြာ ကားသမားမှ ခရီးသည်များကားပေါ်တက်လို့ရပြီဆိုသဖြင့်အထုတ်များယူကာ ကားအတွင်းပိုင်းထဲ သွားထည့်လိုက်သည်။ကားစီးလျှင် မူးတတ်သည့်အတွက်အချဉ်ထုတ်နှင့်...ယောမနွယ်ကမိန်းမပျက် ဟူသည့်စာအုပ်အားကိုင်ကာ ကားပေါ်တက်ခဲ့သည်။ကျွန်မစာဖတ်ရတာအလွန်မှသဘောကျသည် ကလေးငယ်၏ ကကြီးခခွေးကအစ ကျွန်မရှေ့ချထားလျှင်ထိုင်ဖတ်နေတတ်သည်။
ယခုလည်း သူငယ်ချင်းအိမ်မှ ငှားလာခဲ့သော စာအုပ်တအုပ်အား ကားပေါ်၌ဖတ်၍လိုက်လာခဲ့သည်။

ညနေစောင်း (၄)နာရီခန့်တွင်မော်လမြိုင်မြို့ပေါ်သို့ရောက်သည်။ထိုမှတဆင့် ဆိုင်ကယ် ကယ်ရီငှားကာ ရွာသို့လာခဲ့သည်။ရွာလမ်းဖြစ်သဖြင့်အတော်မှချိုင့်ခွက်ကများလှသည်။ဆိုင်ကယ်တချက်ခုန်သွားသဖြင့် လက်ဆွဲအိတ်အသေးတခုအား ကျစ်ကျစ်ပါအောက်ပိုက်ထားလိုက်သည်။ကျွန်မသိပ်စိတ်ညစ်သွားရပြီ။ဗွက်‌အိုင်တခုကျော်သွားရသဖြင့် ကျွန်မလုံချည် အဝါရောင်အား ရွှံ့မဲမဲညစ်ညစ်တို့ပေချေပြီ။ရွံတတ်သည့်မဟုတ်ပေမယ့် ဒီလိုအရာတွေကျွန်မသိပ်မုန်းရပါတယ်။
ခနအကြာရွာထဲမှဆေးပေးခန်းအား ရောက်ခဲ့သည်။မြို့ပြတွေလိုဆေးရုံကြီးကြီးမားမားမရှိပဲအဆောက်အအုံ ကျယ်ကျယ်တခုသာရှိသည်။ဘုရားပင်တ လိုက်မိသည် ။ကျွန်မဒီလိုနေရာမှာဆရာဝန်လုပ်ရမည်တဲ့လား။
ကယ်ရီခအားရှင်းပေးကာ ထိုအဆောက်အအုံအတွင်းအားဝင်သွားလိုက်သည်။အထဲမှ အသက်ငယ်ငယ် မိန်းကလေးတယောက်ထွက်လာသည်။

"ညှို့"Where stories live. Discover now