"ခနလောက် ဒီတိုင်းလေးနေရအောင်ပါ"
"နေချင်နေပေါ့နွယ်"
"နွယ့်ကိုခနလေးပေးဖက်ပါ"
ငြိမ်သက်သွားသောခန္ဓာကိုယ်အား ဖက်ထားဆဲပင် ဖက်မြဲပင်။အသက်ရှုသံခပ်ပြင်းပြင်းနှင့်အတူ အန်တီသည် သက်ပြင်းချနေသည်။နွယ်ရှိနေသည်မှာ စိတ်ကျဉ်းကျပ်နေဟန်။
"နွယ်ပြန်တော့မယ်နော်"
"ပြန်ပေါ့နွယ်"
"ဝီစကီခွက်နွယ့်ကိုပေးလို့ရမလား သိမ်းထားချင်လို့"
"ခွက်တလုံးနဲ့တော့ မွဲမသွားလေဘူး ယူသွားလှည့်ပေါ့"
တိတ်တဆိတ် ဖန်ခွက်အားကောက်ယူကာ အိမ်ထဲမှထွက်လာခဲ့သည်။black lableပုလင်းကိုတော့ နွယ်မမြင်ချင်ယောင်ဆောင်ခဲ့သည်။
နွယ့်ကျောပြင်အားအန်တီငေးကြည့်နေမည့်အထင်နှင့်လှည့်ကြည့်မိလိုက်သေးသည်။
ထင်သလိုပဲ စီးကရက်အား နှုတ်ခမ်းဝတေ့ထားမြဲပင်။နွယ်ကိုမြင်သည်နှင့် နှုတ်ခမ်းတဖက်အား ကော့ညွတ်စွာပြုံးသည်။ခနဲ့သည်။ဒါကိုပဲနွယ်ကစွဲလမ်းနေရသည်။"အဟွတ်.......အဟွတ်"
နွယ်ထွက်သွားသည်နှင့် အဆက်မပြတ်ဆိုးလာသောချောင်းကြောင့် အနီးရှိလက်ကိုင်ပုဝါအားယူကာနှုတ်ခမ်းသို့အုပ်ရသည်။
မဲညစ်ညစ်ပါလာသောသွေးများကြောင့်
ဒေါ်ညှို့ခက်သွယ်ဟာ စိတ်ပျက်စွာပြုံးလိုက်မိသည်။"ဒါတွေကြောင့် နွယ့်ကိုမညှို့ချင်တာ"
ထို့နောက်ဒေါ်ညှို့ခက်သွယ်သည် စီးကရက်အားပြာခွက်ထဲသို့ထိုးချေကာ အိမ်အပေါ်ထပ်သို့တက်သွားခဲ့သည်။သူမမအိပ်ရတာအတော်ကြာချေပြီ။ဒီနေ့တော့ စိတ်ရှိလက်ရှိအိပ်ပြစ်လိုက်အုံးမည်။သူမအကြောင်းတခုတလေမျှမသိပါပဲချစ်တယ်ဆိုသောနွယ့်ကိုလည်းဟားတိုက်ပြစ်လိုက်အုံးမည်။
ညှို့တတ်တိုင်းလည်းမကောင်းဘူးနွယ်။
ဒုက္ခသိပ်များတယ်။~~~~~~~~~~~~~
ကျွန်မအခုတလော လူနာများသဖြင့် အန်တီ့ဆီသို့မသွားနိုင်။အမနှင့် အချိန်လဲ၍အန်တီ့ဆီသို့ထွက်လာခဲ့သည်။အန်တီ့အသံ၊အန်တီ့မျက်နှာ၊အန်တီ့ကိုယ်သင်းရနံ့အားအတော်လွမ်းနေသည်။အခုဆို ကျွန်မ ဒီနေရာကလေးကိုရောက်တာ ၃လပြည့်တော့မည်။ဒီရပ်ဒီရွာနှင့်လည်းအတော်ရင်းနှီးနေပြီ။
YOU ARE READING
"ညှို့"
Romance"ဒေါ်ညှို့ခက်သွယ် ဟာကျွန်မကိုနမ်းသည်" "ချစ်တယ်လည်းမပြောပါပဲ ...." "ပိုင်စိုးပိုင်နင်းနဲ့"