နွယ်အန်တီ့အနားနေသည်။အန်တီလိုသမျှနွယ်လုပ်ပေးမည်။သို့သော်အန်တီသည်နွယ့်အားခါးခါးသီးသီးပင်။နွယ်လာတိုင်း ထွက်သွားဟုဆိုသည်။အရင်လိုနွယ့်ကိုခနဲ့သလိုရွဲ့သလိုမဆိုတော့။နွယ့်အားစေ့စေ့မျှမကြည့်။
ယနေ့လည်း နွယ်မရှိတုန်းစီးကရက်တွေသောက်နေပြန်သည်။နွယ်ကတားလျှင်လည်း မထုံတပေးပြန်ကြည့်သည်။ယခုလိုနွယ်မရှိရင်တော့ စိတ်တိုင်းကျပြုနေလိမ့်မည်။
"အန်တီ နွယ်ပြောထားတာမမှတ်ထားဘူးလား"
"အသက်ရလို့နေမယ် တို့ကမှတ်ဉာဏ်မကောင်းတော့ဘူး"
"နွယ့်စကားကို မကပ်ပါနဲ့"
"ဒီမယ်အမိ မင်းကိုတို့အနားရိုက်ခေါ်မထားဘူး မင်းဘာသာနေတာ "
"မကျေနပ်ရင်ထွက်သွား"
~~~~
"အန်တီ ဒါလေးသောက်""ဖယ်စမ်းနွယ် တို့ကိုစီးကရက်ပဲပေး"
~~~~
"အန်တီအိပ်တော့လေ""မင်းပြန်သင့်ပြီနွယ် တို့အခန်းထဲကထွက်သွား"
ဒီလိုပါပဲ အန်တီဟာနွယ့်စကားကိုတချက်လေးမျှနားမထောင်။စီးကရက်လည်းသောက်မြဲ။ဝီစကီဟာလည်းသောက်မြဲ။အရင်ကထက်လည်း အခြေဆိုးလာသည်။နွယ့်ရှေ့ဆိုဘာမျှမဖြစ်သလိုနှင့် နွယ်ထွက်သွားသည်နှင့် ချောင်းဆိုးသည်။သွေးအန်သည်။
တံခါးအကွယ်မှနွယ်ဟာလည်းကြိတ်ငိုရစမြဲ။နွယ့်ရှေ့တွင် သိပ်ဟန်ဆောင်ကောင်းသည်။
ပြတင်းပေါက်အနားစီးကရက်တလိပ်နှင်ဝီစကီတခွက်ကိုင်ကာ ငေးမောနေသောအမျိုးကြီးသည်ယနေ့တွင်ရှိမနေခဲ့။ဒေါ်ညှို့ခက်သွယ်သည် အခန်းထဲ၌ စာတစောင်အားရေးနေခဲ့သည်။လက်တဖက်မှ သူမဒိုင်ယာရီစာအုပ်အားပိုက်ထားသည်။
ထိုစာကိုရေးနေချိန် ဒေါ်ညှို့ခက်သွယ်ဟာ ချောင်းအဆက်မပြတ်ဆိုး၍ သွေးစများပင်စင်ချေပြီ။သို့သော် ဆက်ရေးမြဲ။ရေးဆဲ။
စာအုပ်အားချ၍စူးအောင့်လာသောရင်ဘတ်အားဖိကာ အသက်ဖြေးညှင်းစွာရှူသည်။ထို့နောက်........~ညှို့ခက်သွယ်၏ဒိုင်ယာရီ~
ဒီနေ့မိန်းမငယ်လေးတယောက်တို့အိမ်လာတယ်။တို့ကိုကြည့်နေလိုက်တာများမအူမလည်ကလေးနဲ့။ချစ်စရာ။
YOU ARE READING
"ညှို့"
Romance"ဒေါ်ညှို့ခက်သွယ် ဟာကျွန်မကိုနမ်းသည်" "ချစ်တယ်လည်းမပြောပါပဲ ...." "ပိုင်စိုးပိုင်နင်းနဲ့"