အပိုင်း(၈)

4.4K 423 16
                                    

"အမ နွယ့်ကိုပြောစရာရှိလို့"

"ဘာများလဲအမ"

"ဒေါ်ညှို့ခက်သွယ်ကိုအရက်မသောက်ဖို့ နွယ့်ကိုပြော‌ပေးစေချင်တယ်"
"သူအခြေနေသိပ်မဟန်ဘူး"

"နွယ်နဲ့တော့ရင်းနှီးနေပြီထင်လို့"

"အန်တီကဘာဖြစ်လို့လဲအမ"

"ဘာဖြစ်မလဲလေ အရက်ကော၊စီးကရက်ကော နှပင်လိမ်နေမှတော့ သူ့အသည်းတေ၊အဆုတ်တွေဘယ်ကောင်းတော့မှာလဲ"
"ဒါကို သိသိရက်နဲ့ဆက်သောက်နေတာ"

"နွယ်လည်းမသိရပါလားအမ ဘယ်ကတည်းကဖြစ်နေတာလဲ"

နွယ်ဖတ်လက်စစာအုပ်အားကမန်းကတန်းချကာ အမပြောမည့်စကားအားနားစွင့်နေသည်။နွယ်ရောက်ကတည်းကဒီအကြောင်းကိုဘယ်သူမှမပြောဖူးကြ။

"နွယ်မလာခင်ကတည်းက ဖြစ်နေတာပဲ"

"နောက်ပိုင်းပြောမရတော့အမလည်းလွှတ်ထားလိုက်တာ ဟို‌တနေ့ကဦးကြီးကလာပြောတယ် ချောင်းဆိုးပြီး သွေးတေပါတယ်တဲ့ သူ့ဘာသာကြိတ်ခံစားနေသလိုပဲ"

"ဒါတွေနွယ့်ကိုဘာလို့မပြောကြတာလဲ"
"နွယ်အန်တီ့ဆီသွားရင်လည်းဘာမှမဖြစ်သလိုပဲ"

"နွယ့်အပေါ်ဟန်ဆောင်ကောင်းလိုက်တာ"

ရင်ထဲမှအပူများနှင့်အတူ အန်တီရှိရာသို့ပြေးထွက်လာမိသည်။ဒီအမျိုးသမီးဟာ သန်မာချင်ယောင်ဆောင်နေတာ။နွယ့်အပေါ်ဟန်ဆောင်နေခဲ့တာ။နွယ့်လောက်တုံးတာလည်းနွယ်ပဲ။ဆရာဝန်တယောက်ဖြစ်နေပါလျက် ဒါကိုအရိပ်အယောင်တောင်မမြင်ခဲ့ရသလား။နွယ်ကိုယ့်ကိုယ်ကို ဒေါသဖြစ်လို့မဆုံး။

ခြံတခါးအားအတင်းတွန်းဖွင့်ကာ ဦးကြီးအမေးကိုမစောင့် နွယ်အိမ်ထဲသို့ပြေးဝင်လာမိသည်။အရင်အတိုင်းပဲ နွယ့်အပေါ်ဟန်ဆောင်နေဆဲ။ပြတင်းပေါက်၌ စီးကရက်ဖွာနေဆဲ။နွယ်အားဘာမျှမဖြစ်သလိုမထုံတပေးကြည့်သည်။

နွယ်ထိုအမျိုးသမီးအား ပြေးဖက်လိုက်သည်။နွယ်သာကြိုသိခဲ့လျှင်ပိုသက်သာအုံးမည်။ဆရာဝန်တယောက်အနေနဲ့ သွေးအန်တာကအစနွယ်ရိပ်မိခဲ့လျှင်ကောင်းမည်။

"လွှတ်စမ်း နွယ်..မင်း"

"နွယ့်ကိုဘာလို့များမပြောခဲ့ရသလဲ"
"နွယ့်အပေါ်ဟန်ဆောင်နေခဲ့တာ"
"နွယ်.."

"ညှို့"Where stories live. Discover now