အပိုင်း(၄)

4.6K 468 33
                                    

"110/70"
"ညဘက်တွေမအိပ်ဘူးလားအန်တီ"

"အိပ်ချင်စရာမကောင်းဘူး"

"အိပ်ဆေးပေးခဲ့မယ်လေ ...သွေးပေါင်ကျနေတာမကောင်းဘူး"

"ပေးချင်ပေးခဲ့ ဝီစကီနဲ့တည့်ရင်ရပြီပေါ့"

ကပ်လန့်ပြန်ပြောသည့်စကားသံကြောင့် ကျွန်မသူ့ကို မော့ ကြည့်လိုက်မသည်။သူမသည် အသက်အရွယ်နှင့်မလိုက်အောင်နုပျိုနေသည်။မျက်နှာ ကိုအရင်ကထက်အနီးကပ်မြင်ရသဖြင့် ကျွန်မနှလုံးခုန်မြန်လာသည်။

"ကြည့်လို့မှကောင်းရဲ့လား"

"ရှင်"

"မင်းတို့ကိုကြည့်နေတာကြာပြီ‌"
"မနေ့ကလည်းကြည့်တယ် ....မျက်နှာမှာဘာရှိလို့များလဲ"

"မရှိပါဘူး....ဒီတိုင်း"

"ဒီတိုင်း.....ဒါဆိုလည်းမကြည်နဲ့လေ အကြောင်းပြချက်မရှိဘဲ တို့မျက်နှာတစိမ့်စိမ့်ထိုင်ကြည့်နေရအောင် မင်းနဲ့ကမဆိုင်ဘူးမလား"

ကျွန်မစိတ်ထဲ တမျိုးပင်။ဒီအမျိုးသမီးသည်နားလည်ရခက်သည်။ထို့ထက် အခုလိုကိုတည့်ပြောချသည်က ပိုဆိုးသည်။
နည်းနည်းမှမျက်နှာမလွှဲပဲ ကျွန်မအားစိုက်ကြည့်၍ပြောသည်။

"နွယ်......မင်းတို့ကို အစာမစားလို့ရတဲ့ဆေးများရှိရင် ပေးခဲ့စမ်းကွယ်"

"အစာမစားလို့တော့ဘယ်ရပါ့မလဲ အန်တီအရက်ပဲသောက်နေရင် ကျန်းမာရေးထိခိုက်လိမ့်မယ်"

ဒေါ်ညှို့ခက်သွယ်သည်ကျွန်မအား မျက်ခုံးပင်ကာ ဂရုမစိုက်သည့်အမူအယာလုပ်ပြသည်။ထို့နောက် ကျွန်မလှုပ်ရှားမှုတိုင်းအားစိုက်ကြည့်နေပြန်သည်။

အိပ်ဆေးနှင့်အစာစားချင်စိတ်ဖြစ်အောင် ဆေးတမျိုး ၊အစာအိမ်ထိမှာစိုး၍ဆေးတမျိုး။ပလက်စတစ်အိတ်အကြည်ဖြင့်ထည့်ကာ နေ့ /ည ရေးနေသည်ကို စီးကရက်တလိပ်အားခဲ၍စိုက်ကြည့်လေ၏။

"ဒါက မနက်ဆေး.....ဒါကည ။နေ့လည်တော့မလိုဘူး။အန်တီအစာစားပြီးမှသောက်နော်"

"အင်း"

"အရက်တေသိပ်မသောက်ပါနဲ့လား ကျန်းမာရေးထိခိုက်တယ် "

"ညှို့"Where stories live. Discover now