အပိုင်း(၁၀)

8.5K 537 80
                                    

~ညှို့ခက်သွယ်ချန်ခဲ့တဲ့စာ~

နွယ်

မင်းဟာလေ နောက်ဆုံးအချိန်ထိတို့အနား နွယ်တပင်လိုကပ်နွယ်နေခဲ့တာပဲ။
တို့မရှိတဲ့အခါ ဒီအိမ်နဲ့ဝေးရာသွားလိုက်စမ်းနွယ်
တို့ကိုလွမ်းလို့ဆိုပြီး ပြတင်းပေါက်နားလာမရှာလှည့်နဲ့။စီးကရက်တွေမြင်တိုင်း တို့နှုတ်ခမ်းတို့မတမ်းတနဲ့။မင်းသိမ်းထားတဲ့ဝီစကီခွက်ဟာ တို့ကိုလွမ်းစရာဖြစ်လိမ့်မယ်။မင်းပေးခဲ့တဲ့ black lableဟာ တို့အခန်းထောင့်မှာနွယ်။
ညှို့ခဲ့သူကတို့ဖြစ်ခဲ့ပေမယ့် အညှို့ခံလိုက်ရတာဟာလည်းတို့ပဲနွယ်။ညှို့ခက်သွယ်ဟာ မင်းကို
ရင်နင့်အောင် ချစ်ခဲ့တယ်။
တို့ငရဲကလွတ်မှမင်းနဲ့ဆုံရမလားပဲ။
    

                                           နွယ်ရဲ့အန်တီ

"နွယ် အန်တီ့စကားနားမထောင်မိပြန်ဘူး"

"နွယ်ဟာလေ အန်တီပြောသလိုသိပ်စိတ်ပျက်ဖို့ကောင်းတယ် အခုထိဒီအိမ်မှာ နွယ်ရှိနေတုန်း"
"ပြတင်းပေါက်အနားကအမျိုးသမီးတယောက်ကို နွယ်လွမ်းနေတုန်း"
"ပြာခွက်ထဲက စီးကရက်အပိုင်းအစတွေမြင်ရင် နွယ်ဟာလေ နွယ်က ရူးကြောင်ကြောင်တွေးမိတယ် ဒီ‌စီးကရက်ကိုနွယ်နှုတ်ခမ်းဝမှာတေ့မိရင် နွယ်ဟာ အန်တီ့အနမ်းကိုထပ်ရနိုင်အုံးမလားလို့"
"လွမ်းမိတဲ့အခါ နွယ်ကလေ ဝီစကီသောက်နေကြဖန်ခွက်အလွတ်တခုကိုရင်ထဲထွေးပိုက်မိတုန်း"
"အရက်သောက်နေတဲ့လူတွေကိုများမြင်မိရင်လေ ဝီစကီနဲ့အရက်ကမတူဘူးဆိုတာ သတိရမိပြန်တာပဲ"

"အခန်းထောင့်က black lableကိုလည်းနွယ်သိမ်းထားပါရဲ့"

"ထိုင်နေကြခုံဟာလည်းအခုဆို ဖုန်တေတက်နေလို့"

"အန်တီ့ခြံထဲကအသီးကိုမှ သူများခူးကုန်လှည့်ပြီ အရင်လို တားမယ့်အမျိုးသမီးတယောက်က မရှိရှာတော့ဘူး"

"နွယ်ဟာလေ အန်တီစိုးရိမ်ခဲ့တဲ့နွယ်ဟာ အခုထိအန်တီ့ကိုမမေ့နိုင်သေးပြန်ဘူး "

"အန်တီပြောခဲ့သလိုပဲ နွယ်က မညှို့ခင်ကတည်းကနွယ်မိနေတာ"

Moneyaungchal
ပြီးပါပြီ

You've reached the end of published parts.

⏰ Last updated: Dec 21, 2023 ⏰

Add this story to your Library to get notified about new parts!

"ညှို့"Where stories live. Discover now