အပိုင်း(၂)

5.5K 511 43
                                    

ရောက်ခါက တပတ်အနားရသည်မို့ ရွာရောက်တုန်းပတ်ကြည့်ဖို့စိတ်ကူးထားသည်။
ကလော့ရွာသည် ခမောက်ချုပ်သည့်ရွာဖြစ်၍ အိမ်တိုင်းလိုလို ခမောက် ချုပ်နေကြသည်ကိုတွေ့ရမည်။ ခမောက်ချုပ်သူများ၍ဈေးပေါမလား မတွေးလေနှင့် တကယ့်ဈေးကြီးပါဘိ။ကျန်အနီးရွာရှိရွာများသည်လည်းတရွာတမျိုးပင် ကျောက်သင်ပုန်းသက်သက်ပြုလုပ်သည့်ရွာလည်းရှိသလို ဆေးတံလုပ်သည့်ရွာလည်း ရှိသည်။
ဒီနေ့တော့ အဆောင်မှုးအမကိုအဖော်စပ်ကြည့်ရမှာပါပဲ ။

"အမ......အားလား"

"အားပါ့တော် ညီမလေးဘာလိုလို့လဲ"

"မလိုပါဘူး ဒီအနီးနားပတ်ကြည့်ချင်တာ ပြီးတော့လေ ရောက်ကတည်းက ဒီကလူတွေက မွန်စကားပဲပြောနေကြတော့ဘာမှနားမလည်ဘူးရယ်"

ထိုသို့ပြောတော့အမက အားရပါးရကိုရီချသည်။ကျွန်မနည်းနည်းတော့ကြောင်အမ်းအမ်းဖြစ်သွားရသည်။

"မွန်စကားကတော့ ညီမရောက်နေတာ မွန်ပြည်နယ်ကိုးညီမရဲ့ ပြီးတော့ဒီမှာက ကလေးတွေဆို မွန်စာပါသင်ရတယ်လေ တော်တော်များများဆို ဗမာလိုကိုမပြောတတ်တာ "

"သက်ကြီးပိုင်းတွေကသာ ရွာကိုဧည့်သည်လာဘာညာနဲ့ပြောနေကြဖြစ်သွားတာ"

"အမကတော့စကားပီတယ်လေ နည်းနည်းမှကိုမဝဲတာ"

"မဝဲဆိုအမက ရန်ကုန်သူလေအမေကမွန် အဲ့တော့ကာ အဖေ့ဆီလိုက်နေရင်း ဒီကိုဆယ်နှစ်လောက်မှပြောင်းလာတာ"
"ကျောင်းလည်း ဆယ်တန်းအောင်တော့ရန်ကုန်မှာဆေးကျောင်းလာတက်တာပါပဲလေအမလည်းဒီကစကားသိပ်နားလည်တယ်လို့လည်းမဟုတ်ဘူး"

"ဒါဖြင့်ဆေးခန်းလာပြရင်ညီမကဘယ်လိုကုရမတုန်း သူတို့စကားလည်းနားမလည်"

"ဒါကတော့စိတ်မပူပါနဲ့ညီမရယ်ဆေးခန်းလာရင်သူတို့က ဗမာလိုပြောပါတယ်ကွ
အချင်းချင်းသာ မွန်လိုပြောကြတာလေ"

"ဒါဆိုလည်းလေ အမအားရင် ရွာထဲလိုက်ပြပေးပါလား ခေါ်စရာအသိကအမပဲရှိတယ်"

"လိုက်ရမှာပေါ့နောက်လည်း အလုပ်အတူလုပ်ရမှာပဲကို ဒါနဲ့တပတ်အနားရတယ်မဟုတ်လား"

"ညှို့"Where stories live. Discover now