အပိုင်း(၆)

4.6K 467 34
                                    

နွယ်အခုတလော ဒေါ်ညှို့ခက်သွယ်အိမ်အားမကြာခနသွားသည်။သွေးပေါင်တိုင်းရန်မရှိသော်ညား ဆေးပေးမည်ဟုသွားသည်။ဦးကြီးနှင့်စကားပြောရန်သွားသည်။မုန့်ဟင်းခါးတကူးတကချက်၍သွားပို့သည်။တခါတလေ ဒေါ်ညှို့ခက်သွယ် အိမ်ရှေ့မှ ဟိုဝေ့ဒီဝေ့ဖြတ်လျှောက်တတ်သေးသည်။ပြတင်းပေါက်၌ဝီစကီတခွက်ကိုင်၍မတ်တပ်ရပ်နေသောအမျိုးသမီးသည် နွယ့်အားမြင်ခဲ့ပါလျှင် မျက်မှောင်ကျုံ့၍ စိုက်ကြည့်သည်။ထိုအခါ နွယ့်မှာရင်ခုန်ရပြန်သည်။

ယနေ့လည်း နွယ်အကြောင်းမရှိအကြောင်းရှာ၍သွားအုံးမည်။လက်ထဲမှ black labelတလုံးကိုကြည့်ကာ အကြံပါပါပြုံးလိုက်သည်။
နယ်ဘက်ဖြစ်၍black lableကရှားလိမ့်မည်။
အန်တီ့ကိုပေးလျှင် အန်တီ ကကျေးဇူးတင်လိမ့်မည်။အန်တီနှင့်စကား‌တွေဖောင်ဖွဲ့မည်။ရင်းနှီးသွားကြမည်။သို့သော် နွယ်ထင်တာအကုန်အမှား

"အပေးရှိရင် အယူရှိမှာပေါ့ နွယ်လိုချင်တာဘာများလဲ"

"မဟုတ် အဲ့လိုမဟုတ်ဘူး"
"အန်တီ့အတွက်နွယ်ရန်ကုန်ကမှာခဲ့တာ"

ကျွန်မကျွန်မနှုတ်ကျိုးနေသော ကျွန်မသည်လည်း အန်တီ့ကြောင့်နွယ်ဟုသုံးတတ်လာပြီ။
အန်တီဟာအရာရာကိုပုံသွင်းနိုင်သည်။

"စေတနာကိုကျေးဇူးတင်ပါရဲ့နွယ်"
"ဒါကိုတော့တို့လက်မခံနိုင်ဘူး နောက်လည်း နွယ့်ဆီကဘာမှ မပေးဖို့မျှော်လင့်တယ်"

"ဒါဖြင့်နွယ့်အချစ်ကိုရော"

"လက်မခံဘူးပေါ့နွယ်"

တကြိမ်မျှစဉ်းစားသယောင်မပြုပါပဲ နွယ့်အားစေ့စေ့မျှမကြည့်ပါပဲ ပြတ်ပြတ်သားသားကိုငြင်းပြစ်သည်။ထုံးစံအတိုင်း ဝီစကီတငုံအား မော့ကာ နွယ့်အားမျက်ခုံးပင့်ကြည့်သည်။ကော့ညွတ်နေသောနှုတ်ခမ်းတစုံသည်နွယ့်အားရင်ဖိုစေသည်။နွယ်နမ်းပြစ်လိုက်ချင်ပါသည်။ထိုဝီစကီသောက်ထားသောနှုတ်ခမ်းအား နမ်းရှိုက်ပြစ်လိုက်ချင်ပါသည်။
သို့သော် နွယ်အဲ့သလောက်မရဲတင်းပါ။နွယ့်ကိုမချစ်ရင်တောင် နွယ်ပင်တပင်လို ကပ်နွယ်နေပါအုံးမည်။နွယ်ဟာ ယုန်သူငယ်လေးလိုထို အမျိုးသမီး၏ရှေ့၌ရှိနေပါအုံးမည်။

"ညှို့"Where stories live. Discover now