အခန်း(၉၉)
နေဦး။ အပေးအယူလုပ်ရအောင်။
Zhao မားမားမှာ ဒူးထောက်ကာ ခေါင်းငုံ့နေပြီး ရင်ထဲတွင် ထိတ်လန့်မှုများလည်း ပြည့်နှက်နေသည်။ သူမက အရှင့်သား ချင်ဝမ်ကို နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့ပေမယ့် အစေခံက အစေခံဖြစ်နေတုန်းပဲ။ အကြီးဆုံးတားမြစ်ချက်မှာ အလုပ်ကောင်းမွန်စွာ မလုပ်ပဲ သခင်ဖြစ်သူအား စော်ကားခြင်းဖြစ်သည်။ ဆိတ်ငြိမ်တိမ်တိုက်ဆောင်တွင် ပထမနေ့ပဲရှိသေးပြီး သူမက လေးစားရတဲ့ဝမ်ဖေးကို အပြစ်ပြုမိလိုက်ပြီ။ သူမရဲ့ ရှေ့လာမယ့် နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရတော့မှာလဲ။
လေးစားရတဲ့ဝမ်ဖေးမှ ချင်ဝမ်အား ပြောလိုက်လျှင် ထိတ်လန့်စရာဖြစ်သွားနိုင်သည်။ သူမက အရှင့်သား ချင်ဝမ်အား နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့ပြီး တစ်ကြိမ်မှ စိတ်မပျက်စေခဲ့ဖူးဘူး။ Zhao မားမားမှ ကြောက်လန့်နေချိန်တွင် Han Yunxi မှာ တောင့်တင်းနေပြီး စောနက Zhou မားမား၏ ပြောဆိုမှုများသာ သူမ နားတွင် ပဲ့တင်ထပ်နေသည်။
အရှင့်သားက ဘယ်လိုလုပ် ဝမ်ဖေးကို အလေးမထားပဲနေမှာလဲ။
ဒီZhao မားမားက ပြန်ရောက်လာပြီး ရုတ်တရက် ရောက်လာခဲ့ပုံရသည်။သူမနဲ့ Long Feiye ကြားက ဆက်ဆံရေးအမှန်ကို မသိပဲ နားလည်မှုလွဲနေဟန်တူသည်။ Zhao မားမားမှ နားလည်မှု လွဲနေသည်မှန်း သိသော်လည်း သူမ သတိမပြုမိပဲ ပြုံးလိုက်မိသည်။
“အဟမ်း..အဟမ်း..”
Han Yunxi မှာ အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ပြီးနောက် ညင်သာစွာပြောလိုက်သည်။ “ Zhao မားမား ဒီတစ်ကြိမ်တော့ထားလိုက်တော့။ ရည်ရွယ်တာမှ မဟုတ်တာ။ဝမ်ရယ်နဲ့ ကျွန်မကြားက ဆက်ဆံရေးကတော့..” Han Yunxi မှာ မရယ်ပဲ မနေနိုင်တော့ဘူး။ သူမက Zhao မားမား၏ ပုခုံးအား ပုတ်လိုက်ရင်း “ဟင်းဟင်း.. နောက်ကျ သိလာပါလိမ့်မယ်။"
သူမ စကားဆုံးပြီးနောက် ပေါ့ပါးစွာ အိမ်ထဲပြန်ဝင်လိုက်သည်။ Zao မားမားမှာ ဖြည်းညင်းစွာ ခေါင်းမော့လာရင်း စောနက သူမ(Han Yunxi )၏ စကားများအား စဥ်းစားလိုက်သည်။ သူမက တစ်ခုခုမှ မှားယွင်းနေသည်ဟု မတွေးပဲမနေနိုင်ချေ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော်
Historical Fictionအလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင် ရပ်နေခဲ့သ...