အခန်း(၃၉)
ယောက္ခမနှင့် ချွေးမ ရန်ပွဲကြီး။
“Han Yunxi နင် ..နင်က ကပ်ဆိုးပဲ။ မယ်တော်ကြီးက နင့်ကို ချင်ဝမ်နဲ့ စေ့စပ်ပေးတည်းက ငါမျက်နှာပျက်ရတာ။ မင်္ဂလာဆောင်နေ့ကလဲ နင်..”
တော်ဝင်ကြင်ယာတော်ကြီးYi၏ အကြွေးဟောင်းများပါ နားထောင်ရင်း သူမ သည်းမခံနိုင်တော့ပေ။ သူမက အရှက်ခွဲလာတာကို အရှုံးပေးမည့် သူမျိုး မဟုတ်ဘူး။ အခြေအနေနဲ့လိုက်လျောနေမယ့်အစား သူမနဲ့ထိုက်တန်သည့် ဂုဏ်သိက္ခာနဲ့ အခွင့်အရေးအတွက် တိုက်ခိုက်မည့် လူမျိုးပင်။
သူမ ကြင်ယာတော်ကြီး၏ ကျိန်ဆဲသံများကြားမှ အသံကျယ်ကျယ်ပင် ပြောလိုက်သည်။ “မူဖေးက ဒါက မျက်နှာပျက်ရတယ်လို့ ကျွန်မ မတွေးမိပါဘူး။ အမှန်ဆို ချင်ဝမ်အိမ်တော်က မျက်နှာတောင်ရသွားသေးတယ်။ ပထမဆုံး ကျွန်မ အသုံးမကျတဲ့အမှိုက်မဟုတ်ဘူး၊ ဆေးပညာစွမ်းရည်မရှိဘူး၊ ကျွန်မအဖေလို မစွမ်းဆောင်နိုင်တာ မဟုတ်ဘူးဆိုတာ လူတွေကိုသိစေလိုက်တယ်။ ဒုတိယ မင်းသမီးChangping နဲ့ တရားရေးအရာရှိက အပြစ်ပေးခံရတာကြောင့် မယ်တော်ကြီးမှာ ဘာမှပြောစရာမရှိဘူး။ သူမ တရားရေးအရာရှိကိုတောင်မကယ်ဘူး။ ဒါကြောင့်မျက်နှာပျက်ရတာ သူတို့ပဲ။ အခုချိန် သူတို့က အံကြိတ်ရင်း သွေးမျိုချတာပဲ လုပ်နိုင်တယ်။"
“ဟုတ်တယ် မူဖေး။ ယောင်းမက မူဖေးကို ပြန်ပြောတာမှားပေမယ့် အချုပ်ခံရတယ်ဆိုတာလည်း လူနည်းနည်းပဲသိတာပါ။ ယောင်းမ ဘာမှမမှားပါဘူး။ မယ်တော်ကြီးကလဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှဆက်မလုပ်နိုင်တော့ဘူးလေ။" Murong Wanru မှာ သူတော်ကောင်းဟန်ဆောင်ဆဲပင်။
ကြင်ယာတော်ကြီးဟာနှစ်ကြောင်းနှင့် တစ်ဝက်သာ နားထဲဝင်ပြီး သူမအား စူးစိုက်ကြည့်ကာ ခေါင်းယမ်းလိုက်ပြန်သည်။ “Han Yunxi နင်ကနင့်ကိုယ်နင် ကြက်သွန်နီခေါင်းလို လုပ်နေတာပဲ။ အချုပ်ခံရတာက ဂုဏ်ယူစရာမလို့လား။ ဟဟဟ။ ဒီနေ့တော့ နင်ကဘယ်လောက် အရှက်မရှိလိုက်လဲ ဆိုတာ မြင်ရပြီ။ နင်က ငါ့ကိုတောင် ပြန်ပြောရဲတယ်ပေါ့။"
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော်
Ficción históricaအလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင် ရပ်နေခဲ့သ...