အခန်း(၁၅၉)
အင်အားပြခြင်း၊ နင်က တောင်းဆိုတာပဲ။
သူမက စိတ်ကွက်လား.....
သူမက စိတ်ကွက်တယ်ဆိုရင်တောင် ဘာဖြစ်လဲ။ သူမက သဘောမတူဘူးလို့ ပြောနိုင်သေးလို့လား။ Duanmu Yao က သူမကို အင်အားပြဖို့ တမင်သက်သက် မေးခွန်းတွေ မေးနေတာပဲ။ Han Yunxi မှာ တည်ငြိမ်နေဆဲဖြစ်ပြီး တစ်ကိုယ်လုံး တိတ်ဆိတ်နေသေးသည်။
ထိုအခြင်းအရာအားမြင်လျှင် Duanmu Yao ၏ အပြုံးမှာ ပို၍ ထေ့ငေါ့ချင်နေဟန် ပြောင်းလဲလာသည်။ ဒီနေ့ သူမက ဒီမိန်းမကို 'စိတ်မကွက်ဘူး' လို့ ပြောကို ပြောရအောင်လုပ်မယ်။ သူမက ချင်ဝမ်ဖေး ဖြစ်နေရင်တောင် ဒီအိမ်မှာ စကားတစ်ပိုင်းတစ်စတောင် မပြောနိုင်စေရဘူး။ သူမကို ဘာအတွက်မှ ထည့်မတွက်ဘူး။
Duanmu Yao မှာ ဖိအားပေးလိုက်သည်။ "လေးစားရတဲ့ဝမ်ဖေး ရှင်က စကားမပြောဘူးဆိုတော့ ....... ဒါက စိတ်ကွက်တယ်ဆိုတဲ့ သဘောလား။"
သို့သော် Han Yunxi ၏ အေးစက်သောအကြည့်မှာ ရုတ်တရက် Duanmu Yao ပေါ်သို့ ကျရောက်သွားပြီး ရေခဲတမျှ အေးခဲစွာ ပြောလိုက်သည်။ "သေချာတာပေါ့.. ငါက စိတ်ကွက်တယ်။"
ဒါ.........
Duanmu Yao မှာ အငိုက်မိသွားပြီး ပြန်ပက်ရန်ပင် ကြောင်အနေသည်။ ကြင်ယာတော်ကြီးYi နှင့် Long Feiye တို့ နှစ်ယောက်စလုံးမှာလည်း တူညီစွာ အံအားသင့်သွားကာ လှည့်ကြည့်လာကြသည်။ သူတို့၏ တိတ်ဆိတ်မှုအလယ်တွင် Han Yunxi ၏ နှုတ်ခမ်းများမှာ အပြုံးတစ်ပွင့် အနေဖြင့် ကော့တတ်သွားသည်။ "မင်းသမီးRongle ငါက နောက်လိုက်တာပါ။ မင်းက ကြောက်သွားတာတော့ မဟုတ်ဘူးမလား။"
ဒါက.....
နောက်တစ်ကြိမ် Duanmu Yao မှာ အငိုက်မိသွားပြန်သည်။ သူမက Han Yunxi ၏ ရွှင်မြူးနေဟန်ရှိသည့် အမူအရာအားကြည့်ရင်း ဘာပြောရမယ်မှန်း မသိတော့ပေ။ ကံကောင်းစွာဖြင့် ကြင်ယာတော်ကြီးYiမှာ သူမနေရာတွင် အစားဝင်ကာ ပြောပေးလိုက်သည်။ "Yunxi ကနောက်ရတာ ကြိုက်တယ်။ သူမကို စိတ်မကွက်နဲ့နော်... Yao Yao"
" မကွက်ပါဘူး။ ဒါပေါ့ မကွက်ပါဘူး။ သူမက နောက်နေတယ်ဆိုတာ ကျွန်မက သိပါတယ်။" Duanmu Yao စကားဆက်ပြောရန် လမ်းကြောင်း ပေါ်လာမှ တောက်ပစွာ ပြုံးလိုက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော်
Ficção Históricaအလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင် ရပ်နေခဲ့သ...