အခန်း(၁၆၁)

1.6K 167 25
                                    

အခန်း(၁၆၁)

လိုက်လျောပေးမှာ မဟုတ်ဘူး။






Duanmu Yao အား ပြန်ပို့ပြီးသည့်နောက်တွင်  Han Yunxi မှာ လှည့်ထွက်သွားရန် ပြင်လိုက်စဥ် ကြင်ယာတော်ကြီးYi မှ သူမအား တားထားလိုက်သည်။ “ Yunxi  ငါ့နဲ့ ခဏလိုက်ခဲ့ဦး။"

ကြင်ယာတော်ကြီးYi မှာ နူးညံ့စွာ ပြောလိုက်သော်လည်း ကောင်းတာများ တစ်ခုမျှ ရှိမည်မဟုတ်ဟု သိနေသည်။ သူမက သတိထားလိုက်ရင်း ထိုအမျိုးသမီးကြီး၏ နောက်မှ ပီအိုနီခြံဝန်းသို့ လိုက်သွားလိုက်သည်။ ကြင်ယာတော်ကြီးYiမှာ ပါးစပ်မဖွင့်ခင်ကပင် ဘာမေးမလဲဆိုသည်အား သူမ သိပြီးသားဖြစ်သည်။ သူတို့က ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် ကြင်ယာတော်ကြီးYi မှာ Guiမားမားအား ထွက်သွားခိုင်းလိုက်သည်။

“ Yunxi  မင်းက အခု  Feiye နဲ့ အပြင်ထွက်သွားတာလား။"   ကြင်ယာတော်ကြီးYi မှ မေးလိုက်သည်။

Han Yunxi မှာ ခေါက်ရမ်းခြံဝန်းတွင် Long Feiye ထံမှ မောင်းထုတ်ခြင်း မခံရပဲ နေနိုင်ချင်း အပေါ်တွင် ကြင်ယာတော်ကြီးYi မှာ သဘောမကျနိုင်ဖြစ်နေသေးသည်။ သူမက ဤမိန်းကလေးမှာ အိမ်တော်တွင် ဝင်ရောက်လာသည်နှင့် မြန်နိုင်သမျှ မြန်မြန် မောင်းထုတ်ခံရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း Long Feiye ၏ အကျင့်စရိုက်များအား စိတ်မကွက်ခဲ့ပေ။ သို့သော် ကိစ္စများမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူမက ဤချွေးမအား လက်ခံရန် ဆုံးဖြတ်ပြီးဖြစ်သဖြင့် ကိစ္စများအား ပြန်လည် စဥ်းစားရတော့မည်ဖြစ်သည်။

“ မဟုတ်ပါဘူး။ ကျွန်မတို့က တစ်ချိန်တည်း ပြန်လာရုံတင်ပါ။"  Han Yunxi မှာ သူမ ဘာကြောင့် လိမ်လိုက်မှန်း မရှင်းလင်းပေ။  ဖြစ်နိုင်တာက သူမက တစ်စုံတစ်ယောက်နှင့် ချိန်းထားသည်ဆိုသော ဆင်ခြေအား ဖုံးကွယ်ထားရန် ဖြစ်နိုင်သည်။ ကြင်ယာတော်ကြီးYi မှာ ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။ Han Yunxi မှ ‘ဟုတ်တယ်’ ဟု ပြောလျှင်ပင် သူမက ယုံကြည်နိုင်မည် မဟုတ်ပေ။ Feiye မှာ ဤမိန်းကလေးနှင့် ယခင်ကကဲ့သို့ ဝေးကွာနေခြင်း မရှိတော့လည်း သူက သူမ ( Han Yunxi ) အတွက်လည်း ခြွင်းချက်မထားပေ။  Wanru မှ သူမအား ကိစ္စများစွာ စုံစမ်းပေးခဲ့ပြီး သူမသားမှ ဤမိန်းကလေးအား မငြင်းနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ သူမ၏ အဆိပ်စွမ်းရည်ကြောင့်ဖြစ်သည်။  ၎င်းမှာ  အသုံးဝင်ပြီး ထက်မြက်ကာ သူမသားအား အကြိမ်တော်တော်များများ အကူအညီပေးနိုင်သည်။ Han Yunxi တွင် စွမ်းရည်များစွာ ရှိသော်လည်း Feiye နှင့် ယှဥ်လိုက်လျှင် ကောင်းကင်ရှိ တိမ်စိုင်များ ဘေးမှ မြေပြင်ရှိ ရွံ့နွံသာ ဖြစ်သေးသည်။ သူတို့၏ ခံစားချက်မှာလည်း မရောထွေးနိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now