အခန်း(၁၅၅)
အမျက်ဒေါသ။ အကြံအစည်အား အကြံအစည်နှင့် တွေ့ပေးလိုက်ခြင်း။
Han Yunxi မှာ သူမ အပ်အား တင်းကျပ်စွာ ဆုတ်ကိုင်ထားရင်း Zhangsun Che မှ ချဥ်းကပ်လာသည်အား ကြည့်နေသည်။ ဤသည်မှာ သေရေးရှင်ရေး ကိစ္စဖြစ်သောကြောင့် သူမက အလွန် စိတ်လှုပ်ရှားနေကာ အသက်ရှူရန်ပင် မေ့လျော့နေသည်။
“ဟီးဟီး…. မိန်းမငယ်လေး ဒီသခင်လေးက မင်းဘယ်ပြေးဦးမလဲဆိုတာ ကြည့်ချင်သေးတယ်။"
Zhangsun Che မှာ ရွံရှာဖွယ်ကောင်းစွာ ပြုံးရင်း သူမ ခြေကျင်းဝတ်အား ပွတ်သပ်လိုက်သည်။ Han Yunxi မှာ တုန်ရင်သွားသော်လည်း သည်းခံထားလိုက်သည်။ မထင်မှတ်စွာပင် Zhangsun Che မှာ လှုပ်ရှားမှု မရပ်တန့်သွားရုံမက သူမအား သူ၏ အောက်သို့ဆွဲခေါ်လိုက်ကာ အပေါ်မှအုပ်မိုးလိုက်သည်။
သို့သော် ထိုသို့ အရေးကြီးသည့်အချိန်တွင် Han Yunxi မှာ သူ၏ အပ်စိုက်မှတ်အား စိုက်အပ်နှစ်ချောင်းဖြင့် ထိုးစိုက်လိုက်ပြီး တောင့်တင်းသွားစေလိုက်သည်။ တစ်ချိန်တည်းမှာပင် Han Yunxi မှာ သူ၏ အောက်မှ ထောင့်သို့ တွန်းထုတ်ကာ သူက မြေပြင် လဲကျနေသည်အား ကြည့်လိုက်သည်။
အချိန်ကွာခြားချက်မှ စက္ကန့်ပိုင်းမျှသာ ဖြစ်ပြီး အလွန်တရာ နီးကပ်သွားခဲ့သည်။
သို့တိုင် Han Yunxi မှာ သူမ၏ လက်ထဲတွင် အပ်နှစ်ချောင်းအား ကိုင်ကာ ကြမ်းပြင်တွင် မလှုပ်မယှက်ဖြစ်နေသည့် Zhangsun Che အား ကြည့်လိုက်သည်။ သူမက ခေါင်းနှင့် နံရံအားသာ စောင့်ပစ်ချင်မိတော့သည်။ သူမက အလွန်အမင်းစိတ်လှုပ်ရှားနေပြီး အပ်စိုက်ရာတွင် အနည်းငယ်အားထည့်လိုက်မိသည်။
အမူးလွန်နေသည့် Zhangsun Che မှ အသေကောင်ကဲ့သို့ ဖြစ်နေသည်။ သူ့အား ရုတ်တရက် ဤမျှ အားအင်များ ပေးလိုက်ခြင်းမှာ ကိုယ်ထဲရှိ စိတ်ကြွဆေးကြောင့်သာ ဖြစ်သည်။ ၎င်းမှာ အပြည့်အဝမဖယ်ရှားနိုင်သေးတာကြောင့် မကြာခင် သူက သတိရလာတော့မည်ဖြစ်သည်။ Han Yunxi မှာ သူမ၏ အဆိပ်ဖြေစနစ် အရေးပေါ်သိုလှောင်မှုထဲမှ နာမ့်ကြောအားဆေးများ ပြည့်နေသော ဆေးထိုးပြွန်တစ်ချောင်းအား ထုတ်လိုက်သည်။ ၎င်းမှာ သေရည်သောက်ပြီးချိန်တွင် အသုံးပြုခြင်းမှာ အန္တရယ်ရှိနိုင်သော်လည်း ယခုအချိန်တွင် Han Yunxi မှာ ထိုအကြောင်းအရာများအား စိတ်ရှုပ်မခံနိုင်ပေ။ [T/N ဒီမှာYunxi သုံးလိုက်တာကလည်း စိတ်ကြွဆေးတစ်မျိုးပဲရယ် ဒါပေမယ့် sexual desire မပါဘူးပေါ့။ Zhangsun Che ကကြ ကာမစိတ်ကြွဆေးပေါ့နော့။]
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော်
Historical Fictionအလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင် ရပ်နေခဲ့သ...