အခန်း(၈၇)
ဒီအရှင်က မြွေဆိပ်ကို ဖြေရှင်းလိုက်မယ်။
တကယ်လို့ အဆိပ်ခတ်တဲ့သူက စစ်သူကြီးအိမ်တော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုရင် သူတို့က Han Yunxi ပြောတဲ့ အခြေအနေကိုလည်း မေ့ထားလို့မရဘူး။
Han Yunxi ရဲ့စကားများမှာ နောက်ဆုံးတွင် Mu Qingwu အား ရှင်းလင်းစွာ သဘောပေါက်သွားစေသည်။ “ လေးစားရတဲ့ဝမ်ဖေး စဥ်းစားတာက စေ့စပ်လွန်းပါတယ်။ ဒီနိမ့်ကျတဲ့ အရာရှိက နားလည်ပါပြီ။"
Han Yunxi မှာ အသေးစိတ်အချက်အလက်အနည်းငယ်အား Mu Qingwu နှင့် ထပ်မံဆွေးနွေးပြီးနောက် သူမ စစ်သူကြီးအိမ်တော်မှ ထွက်လာခဲ့သည်။ သူမ မသိလိုက်ခင်မှာပဲ ထွက်သွားပြီးနောက် Long Feiye မှ ရောက်လာသည်။ Long Feiye မှာ မြောက်ဘက်Li သူလျှိုကိစ္စအား စစ်ဆေးနေစဥ် စစ်သူကြီးအိမ်တော်ထံ ဒုတိယအကြိမ်မြောက် ရောက်လာခြင်းဖြစ်သည်။ အနက်ရောင်အပြည့်ဝတ်ရုံနှင့် အဓိကခန်းမဆောင်ရှိ ဂုဏ်သရေရှိထိုင်ခုံတွင် ထိုင်နေပြီး သူ၏ အကြည့်များမှာ အေးစက်နေသည်။ ထောင်လွှားမောက်မာသောအကြည့်များမှာလည်း ကမ္ဘာပေါ်ရှိ အရာအားလုံးကို ငုံ့ကြည့်နေဟန်ရှိသည်။ ခန်းမဆောင်တစ်ခုလုံးတွင် စစ်သူကြီးMu တစ်ယောက်သာရှိကာ လွတ်လပ်နေသည်။
ခဏအကြာတွင် Mu Qingwu မှ အလျင်အမြန်ရောက်လာပြီး စစ်တပ်မှဦးညွှတ်ဟန်ဖြင့် အရိုအသေပေးလိုက်သည်။ “ ဒီနိမ့်ကျတဲ့အရာရှိက အရှင့်သားချင်ဝမ်ကို နှုတ်ဆက်ပါတယ်။"
Long Feiye မှ သူ့အား သက်သာစေရန် ခွင့်ပြုသည့် အနေဖြင့် လက်မြှောက်လိုက်ကာ အေးစက်စွာမေးလိုက်သည်။ “Han Yunxi ပြန်သွားပြီလား။"
စစ်သူကြီးMuနှင့် သားဖြစ်သူ နှစ်ယောက်စလုံးမှာ Long Feiye နှုတ်ခမ်းမှ ထိုစာလုံးများ ကြားလိုက်ရခြင်းကြောင့် ထူးဆန်းသလိုပင် ခံစားလိုက်ရသည်။ သူတို့၏ မှတ်ဥာဏ်ထဲတွင် ချင်ဝမ်မှာ ထိုအမျိုးသမီးအား မည်သည့်အခါကမှ နာမည်ခေါ်ခြင်း မရှိခဲ့ပေ။ သေချာတာပေါ့.. သူက Han Yunxi ကို ‘အိုက်ဖေး (ချစ်ရတဲ့ဇနီး)’ လို့ခေါ်ဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်သေးတယ်။ ယခင်အချိန်များတွင် သူက သူမကို အခြားသူများ နည်းတူ ချင်ဝမ်ဖေးဟု သာ ခေါ်ခဲ့တယ်။ သူက ဘယ်အချိန်တည်းက အကျင့်ပြောင်းသွားတာလဲ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော်
Fiction Historiqueအလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင် ရပ်နေခဲ့သ...