အခန်း(၁၆၉)
ဘာကြောင့်လဲဆိုတော့ ဒီအရှင်က သဘောရှိ အတိုင်း လုပ်တတ်တယ်။
ကြက်သေသွားပြီ!
ရုတ်တရက် ငိုရှိုက်နေသော ဧကရီသည် ဒေါသူပုန်ထကာ ကျယ်လောင်စွာ အော်လိုက်သည်။ "သေပြီ! သေပြီ! အဆိပ်ရှိတယ်! ဗုဒ္ဓရုပ်ပွားတော်က အဆိပ်ရှိတယ်။”
"မယ်တော်။"
"မလုပ်ပါနဲ့…. ဒီလိုမဖြစ်ပါနဲ့။ မယ်တော် ဘာဖြစ်သွားတာလဲ။" Long Tianmo မှာ ဧကရီအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော်လည်း သူမက ကြောက်လန့်တကြီး ဖြစ်နေသည်။
"ငါ့ကို လွှတ်ပေး….! ကြက်ဖ သေတာ မင်းမြင်လား။ သေပြီ! Changping လည်း သေသွားတယ်။”
"အဆိပ်ရှိတယ်! အဲဒီအရာက အဆိပ်ပြင်းတယ်။” ဧကရီမှာ Long Tianmo အား စိုက်ကြည့်ရင်း ရုတ်တရက် တိတ်ဆိတ် မသွားခင် အော်ဟစ်ငိုယိုလိုက်သည်။ "Mo'er ၊ ငါက Changping ကိုသတ်ခဲ့တာပဲမဟုတ်လား... ငါမလား။"
“Mo'er ငါက မရည်ရွယ်ပါဘူး။ ငါတကယ်ပြောတာ…. ငါမဟုတ်ဘူး! ငါမဟုတ်ဘူး... ငါမဟုတ်ဘူး..."
Long Tianmo မှာ ထိတ်လန့်တုန်လှုပ်နေသော မိခင်ကို မှင်သက်စွာ စိုက်ကြည့်နေပြီး သူ၏စိတ်မှာ လုံးဝ လွတ်ကင်းနေသည်။ မယ်တော်က...စိတ်လွတ်သွားပြီလား? အိမ်ရှေ့စံမှာ သတိလက်လွတ်ဖြစ်နေစဥ် ဧကရီမှာ သူ၏လက်များကို တွန်းဖယ်လိုက်ပြီး အနောက်နန်းဆောင်မှ ပြေးထွက်သွားတော့သည်။
"တစ်ယောက်ယောက်၊ ဧကရီကို တားလိုက်။"
“တော်ဝင်သမားတော်တွေကို မြန်မြန်ခေါ် ။” မယ်တော်ကြီးမှာ အော်ဟစ်လိုက်သည်။ သူမတစ်သက်တာအတွင်း တော်ဝင် မောင်းမဆောင်တွင် မရေမတွက်နိုင်သော အမျိုးသမီးများ ရူးသွပ်သွားခြင်းအား မြင်ဖူးသည်။ ဧကရီ၏ အပြုအမူများမှာ သူမအား ထိတ်လန့်စေသည်။ Long Tianmo သည် ပထမဆုံးတုံ့ပြန်ပြီး သူ၏အမေနောက်သို့ လိုက်ရန်ထွက်ပြေးသွားတော့သည်။
"Qian မားမား၊ ဘာဖြစ်တာလဲ။" Long Feiye မှ တင်းမာစွာမေးလိုက်သည်။ အဆိပ်ကိုတွေ့ပေမယ့် ဒီကိစ္စက မပြီးသေးဘူး။ ဧကရီက မင်းသမီး Changping ကို အဆိပ်ခတ်ခဲ့တာ ဘယ်သူယုံမှာလဲ။သူမစိတ်ပျက်သွားရတဲ့ အကြောင်းအရင်းတစ်ခုရှိရမယ်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော်
Historical Fictionအလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင် ရပ်နေခဲ့သ...