အခန်း(၁၈၄)
ကံဆိုးမိုးမှောင်ကျမှု၊ ဟန်မိသားစု၏ အခက်အခဲများ။
သူတို့ ပြန်ရောက်ပြီး ဒုတိယမြောက်နေ့ မနက်တွင် Long Feiye မှ ပျောက်သွားပြန်ပြီ ဖြစ်ကြောင်း Han Yunxi မှာ တွေ့လိုက်ရသည်။ မထင်မှတ်ထားစွာပင် Chu Xifeng မှာ Long Feiye ၏ ညွှန်ကြားချက်ဟုဆိုပြီး Gu Beiyue အား ခေါက်ရမ်းခြံဝန်းသို့ ဖိတ်ခေါ်ခဲ့သည်။ သူက Gu Beiyue အား သူမ၏ သွေးခုန်နှုန်းအား စစ်ဆေးကာ သူမက အပြည့်အဝ သက်သာပြီလားဟု ကြည့်ပေးစေချင်ခဲ့သည်။
Chu Xifeng ပင် အံ့သြတကြီးဖြစ်နေရုံသာမက Han Yunxi မှာပင် မထင်မှတ်ထားသည့် မျက်နှာပေးမှုကြောင့် ပျော်ရွှင်မှုအား ခံစားလာရသည်။ ဧရာမရေခဲတုံးကြီး၏ နှလုံးသားမှာ သူ၏ တင်းမာနေသည့် မျက်နှာကဲ့သို့ အေးစက်မနေသေးကြောင်း သူမက ပထမဆုံးအကြိမ်အဖြစ် သတိပြုမိလိုက်သည်။
စေ့စပ်စွာ စစ်ဆေးမှု လုပ်ဆောင်ပြီးသွားသော်လည်း Gu Beiyue မှာ သူမက ဘာကြောင့် ရက်တော်တော်ကြကြာ သတိမေ့နေမှန်း မရှင်းပြနိုင်ပေ။ သူမက အလွန်အမင်း ထိတ်လန့်ထားကာ အလုပ် အလွန်အကျွံပင်ပန်းခြင်းကြောင့် ဟုသာ ခန့်မှန်းနိုင်သည်။ သဘာဝကျကျပင် Han Yunxi မှာ သူမ၏ ခန္ဓာကိုယ်အခြေအနေအား ရှင်းလင်းစွာ သိနေခြင်းကြောင့် သူမက Gu Beiyue အား ကပ်ရောဂါ ထိန်းချုပ်ထားသည့် ခေါင်းစဥ်သို့ လျင်မြန်စွာ ပြောင်းလဲလိုက်သည်။
ဖြေဆေးမှာ လက်ထဲတွင် ရှိနေပြီးနောက် လူနာများ ကုသရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်မှာ ချောမွေ့သွားပြီ ဖြစ်သည်။ ယခုအချိန်အထိ အေးစက်သော မျက်နှာနှင့် ဧကရာဇ် Taihui မှလွဲ၍ တရားရုံး အတွင်းအပြင် အကုန်လုံးရှိ လူတိုင်းမှာ ပျော်ရွှင်နေသည်။ နန်းတော်ထဲတွင် သေးငယ်သော အပြစ်လုပ်မိသည့် အစေခံများပင် ပြင်းထန်စွာ အပြစ်ပေးခံရပြီး သူတို့၏ နှလုံးသားများမှာ တုန်လှုပ်ခြောက်ခြားနေကြသည်။ Han Yunxi မှာ သူမက အခြားသူအား သေမလောက် အပြစ်ပြုခဲ့မိမှန်းသိသော်လည်း ထိုကိစ္စများအား ကြောက်မနေတော့ပဲ ရယ်စရာဇာတ်လမ်း အဖြစ်သာ ထားလိုက်တော့သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော်
Fiction Historiqueအလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင် ရပ်နေခဲ့သ...