အခန်း(၁၉)
အဆိပ်ဖြေဆေး။
မယ်တော်ကြီးဟာ လက်တစ်ဖက်နဲ့ ပုဝါကိုင်ထားပြီး နောက်တစ်ဖက်နဲ့ Han Yunxi လက်ကိုကိုင်ထားတယ်။ သူမအမူအရာကတော့ အေးစက်နေသည်။ အခုတော့ Han Yunxi ဟာ သူတို့ရဲ့ ကံဆိုးမှုကို ဝမ်းသာရမယ့်အလှည့်ပဲ။
သွေးစက်က သူမကို ပျော်ရွှင်စေတယ်။ သူမ Long Feiye အားခိုးကြည့်လိုက်ရာ သူမအားကြည့်နေတဲ့ နက်မှောင်တဲ့မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်ရသည်။
သူမ လှုပ်ရှားသွားပြီး လျင်လျင်မြန်မြန်ပင် အကြည့်လွှဲလိုက်သည်။သူမနားရွက်ထိပ်လေးကတော့ နီရဲနေတော့တယ်။
တိတ်ဆိတ်သွားသည့်အခန်းထဲမှာ Long Feiye ဟာမတ်တပ်ရပ်ပြီး စကားစလိုက်သည်။ “ တော်ဝင်အမေ အာချန်မှာ အရေးကြီးကိစ္စရှိသေးတာကြောင့် သွားခွင့်ပြုပါ။ နောက်နေ့မှ လာလည်ပါ့မယ်။"
သွေးလဲပြပြီးပြီး၊ ဂါရဝလဲပြုပြီးပြီး Long Feiye ဘက်က ပြန်ဖို့တောင်းဆိုတာပုံမှန်ပဲ။ မိန်းမတစ်ယောက်ကတောင် သူ့ကိုစိတ်အနှောင့်ယှက်ပေးတာ အုပ်စုလိုက်ဆိုရင် ဘယ်လောက်တောင်အနှောင့်အယှက်ပေးလိုက်မလဲ။
သူထသွားတာမြင်တော့ သူမလဲထလိုက်ပေမယ့် မယ်တော်ကြီးဟာ ရုတ်တရက်သူမလက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်မှာ အရိုးကျိုးသွားသကဲ့သို့ပင်။ နာလိုက်တာ!! ထိုစဥ် Long Feiye မှာမျက်ခုံးကျုံ့လျက်
“Han Yunxi မင်းမလာသေးဘူးလား။"
ဘူးဟူး.....သူမကိုထားခဲ့တော့မယ်ထင်လိုက်တာ..ကြောက်ဖို့ကောင်းလိုက်တာ။ သူမအားကုန်သုံးပြီး မယ်တော်ကြီးရဲ့ လက်ကိုဖယ်လိုက်သည်။
“တော်ဝင်အမေ ကျွန်မတို့မှာ အရေးကြီးကိစ္စရှိသေးလို့ နောက်တစ်ကြိမ်လာတဲ့အထိ ခွင့်ပြုပါဦး။”
ပြောပြီးပြီးချင်းပဲ မယ်တော်ကြီးမှသူမကိုထပ်ဆွဲမထားခင် Long Feiye နားကပ်တိုးကပ်သွားလိုက်သည်။ သူမဆက်နေရင် အရိုးတွေကုန်တဲ့အထိ အစားခံရလိမ့်မယ်။
မယ်တော်ကြီးလဲ ပုဝါချကာ ပြုံးရင်း “ဒါဆိုလဲ မြန်မြန်သွားလေ။ နောက်မကျစေနဲ့။"
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော်
Ficción históricaအလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင် ရပ်နေခဲ့သ...