part(2)

805 58 2
                                    

"ရိပေါ် ဒီမှာကြည့် မာမီ ဝယ်ပေးထားတာ ငါ့ကားအသစ်"

"ဝိုးး မိုက်တယ်ကွာ အားကျတယ် ချွန်းလင် ရာ ငါ့အိမ်က တော့ ငါ့ကိုကားမဝယ်ပေးနိုင်ပါဘူး"

"ရိပေါ် မင်းစမ်းမောင်းကြည့်မလား"

"ရလား"

"ရတာပေါ့ ငါ့ကောင်ရ အချင်းချင်းတွေပဲဟာ"

"ok ဒါဆိုသော့ပေး"

"ရော့ "

ရိပေါ် ချွန်းလင် ရှောင်ချန် တို့က ငယ်ပေါင်းကြီးဖော် သူငယ်ချင်း စစ်စစ် ကြီးတွေ

ရှောင်ချန်ရော ချွန်းလင်ပါ မိဘ တွေက ပြေလည်ကျသည် ရိပေါ်သာ အသက် 10နှစ်လောက်ထိ ပြည့်စုံစွာနေခဲ့ရ ပေမယ့် ဖိနပ်စက်ရုံမီးလောင်ပြီးနောက်ပိုင်း စီးပွားပျက်ခဲ့ရသည် အ တော်ခက်ခဲစွာ အလုပ်မျိုးစုံကို ပါပါး လုပ်ခဲ့ပြီးမှ ဖိနပ်ဆိုင်အ သေးလေးထပ်ဖွင့်ကာ အခုတော့ ဖိနပ် ဆိုင်လေးနဲ့သာ မိသားစု စားဝတ်နေ ရေး ရှေ့ဆက်ရသည်  အရင်လိုတော့ မဟုတ်ဘူးပေါ့ သုံးချင်တိုင်းသုံးမရဘူးပေါ့ ဒီဘဝ ကြီးကို ရိပေါ်မုန်းလှသည်

ဒီနေ့ ချွန်းလင် ကားကိုမောင်းရင်း ရိပေါ်တို့ ပေကျင့်မြို့အနှံ့ပတ်ကျသည် ရိပေါ်က လူငယ်ဖြစ်သည်တိုင် ကားမောင်းတဲ့အခါ နည်းနည်းရမ်းချင်သည်

ဒုန်းး

"ဟာသွားပြီ ရှေ့ ကားကို ဝင်ဆောင့်မိပြီ"

ွှိရိပေါ် ခေါင်းကြီးရ လေသည် ဒီနေ့ မှ သူငယ်ချင်းကားမောင်းတယ်အခုပဲ သူများကားကို ဝင်တိုက်မိတယ် သူတိုက်မိတဲ့ ကားကလည်း အခုနောက်ဆုံးပေါ် LIMITနဲ့ ထုတ်တဲ့ကား

ရိပေါ် ကားပေါ်က ဆင်းလိုက်တော့ အသက်၃၀ အရွယ် လူတစ်ယောက်ဆင်းလာသည်

"ဟေ့ ကောင်လေး မင်းဘယ်လိုလုပ်လိုက်တာလဲ"

"တောင်းပန်ပါတယါ ကျတော် အရှိန်မထိန်းလိုက်နိုင်ဘူး"

"မင်းတောင်းပန်တာ အ ရေးမကြီဘူး အခုကိစ္စကိုမင်းဘယ်လိုလုပ်ပေးမှာလဲ ဒီမယ် စင်းရာထင်သွားပြီ ဒါဘယ်လောက်တန်လဲ မင်းသိလားး!!!"

ရိပေါ် တောင်းပန်ရုံက လွဲလို့ မ ပြောတတ်တော့ ဒီကိစ္စ ကိုသူမ ဖြေရှင်းတတ်ဘူး လျော်ဟေ့ဆို ချွန်းလင် လျော်ပေးလို့ရ သော်လည်း ဒါကသူ့ကြောင့်ဖြစ်တာလေ

My Husband is MoneybagsWhere stories live. Discover now