ဇာတ်သိမ်းပိုင်း

1.1K 38 8
                                    

My Husband is Moneybags     (ဇာတ်သိမ်းပိုင်း)

ဒီနေ့ ရှောင်းကျန့် နဲ့ဝမ်ရိပေါ် က လေး မွေးစားတဲ့ centerကို သွားကာ မိဘ ဆွေမျိုး လုံးဝ မရှိတဲ့ လသားအရွယ် က လေးတစ်ယောက်ကိုစာချုပ်စာတမ်းနဲ့ မွေးစားခဲ့တယ်  ကလေး က ယောက်ျားလေး

ရိပေါ် မိဘ နှစ်ပါးလုံး က ကိုယ့်မြေးအရင်းလေးလိုသဲသဲလှုပ်ချစ်ကျသည် နှစ်လ ကျော်လေးပဲရှိသေးတဲ့က လေးက ဖွံ့တာမို့ ဝဝကစ်ကစ်လေးတတုံးတခဲနဲ့ ချစ်စရာကြီး

က လေးကို အ ကောင်းဆုံး Nurse ငှားကာ ရွှေမင်းသားလေးလို မွေးထားသည်

အခုနောက်ပိုင်း venus စက်ရုံနဲ့ ရှောင်းကျန့် company ကိုရိပေါ်သာဦးစီး တော့သည် ရှောင်းကျန့် company သိပ်မသွားဖြစ်တော့

ရှောင်းကျန့်က သားသားလေးအနားမှာ အနီးကပ်ထိန်းကျောင်းလျက်
အလုပ်တွေကို ရိပေါ်နဲ့သူ လွှဲထားလိုက်တော့

တီ တီ

အိမ်ရှေ့က ကားဟွန်းတီးသံ ကြားရသည်  ရိပေါ်ပြန်လာပြီထင်သည်

"ဟော ဒယ်ဒီပြန်လာပြီ ဒယ်ဒိီပြန်လာပြီ"

ရှောင်းကျန့် စော်အော လေးကို ပွေ့ချီကာ အိမ်ရှေ့သို့ထွက်လာသည်

"ရိပေါ်ပြန်လာပြီလား"

"အင်းပြန်လာပြီ အာယား လာပါဦး ဒယ်ဒီ့ စော်အောလေး"

က လေးက ရိပေါ်လက်ထဲတွင် ပြုံးနေသည်

"အမယ် သူဒယ်ဒီ ပြန်ရောက်လာတော့ ပြုံးနေတာများ "

"စော်အောလေးက ဒယ်ဒီ့ကိုလွမ်းနေတာမလား"

"အဲ့ အဲ့"

"ကြညိ့ သူပြန်ပြောနေတယ်"

"ဟုတ်တယ်နော် ကော"

"ဒီနေ့အလုပ်မှာအဆင်ပြေရဲ့လား"

"ပြေပါတယ် ကော"

"အပေါ်တက်ရေချိုးပြီး ဆင်းလာခဲ့  အောက်မှာထမင်းစားဖို့ ကောစောင့်နေမယ်"

"ဟုတ်ကဲ့"

ရိပေါ်ရေမိုးချိုးပြီးအောက်ဆင်းလာတော့ ကော အသင့်ထမင်းစားခန်းထဲမှာ စောင့်နေသည်

"လာရိပေါ်ထိုင်"

"ဟာ! ဟင်းတွေက ရှယ်ပဲ"

"ရိပေါ် အကြိုက်တွေ ပဲစီစဉ်ပေးထားတာ စား"

My Husband is MoneybagsDonde viven las historias. Descúbrelo ahora