part(26)

600 43 0
                                    

ရှောင်းကျန့် ရိပေါ် နေပြန်ကောင်းပြီမို့ ပုံမှမ်အလုပ်ပြန်ဝင်နေပြီ ဖြစ်သည် ရိပေါ်က လည်းသင်တန်းဆက်တက်ကာ သူ့ပါးပါး အလုပ်ဖြစ်တဲ့ Venus ဖိနပ်စက်ရုံမှာ သူကိုယ်တိုင်ဝင်ဦးစီးနေခဲ့ပြီ

ပြောင်းလဲလာတဲ့ရိပေါ် ကြောင့် ရှောင်းကျန့် စိတ်ချမ်းသာနေရသည်မှာ အမှန်ပင် သူနဂိုထဲက ရိပေါ်ကို ဒီလိုဖြစ်စေချင်ခဲ့တာမလား အခု သူဖြစ်စေချင်သလို ဖြစ်လာပြီမို့ သူစိတ်ကျေနပ်ရပါသည် ရိပေါ်ကိုလည်းသူခွင့်လွှတ်သည် တချိန်က က လေးဆိုးဆိုးကာ မှားခဲ့သမျှ သူမျက်စိမှိတ်ကာ ခွင့်လွှတ်ပေးခဲ့သည် သူရိပေါ်ကို သိပ်ချစ်သည် သူမငြိုငြင်ရက်ဘူး သူစိတ်မဆိုးရက်ပါဘူး အရင်က ဘာတွေလုပ်ခဲ့လုပ်ခဲ့ သူခွင့်လွှတ်ခဲ့သည် ရိပေါ်က လည်း သူ့ကို ချစ်နေပြီ သူ့လိုချင်တဲ့ ပုံစံအတိုင်းနေ ပေး လာပြီ သူခွင့်မလွှတ်စရာဘာရှိသေးလို့လည်း ရှေ့ လျှောက် အဆငိပြေ ပြီးစိတ်ချမ်းသာဖို့ပဲရှိတော့သည်

ထူးထူးဆန်းဆန်း အိမ်ကို ပြန်မလာသေးတဲ့ ရှန် ကြောင့် ရှောင်းကျန့် စိတ်ပူမိသည် တခါမှ နေ့တဝက်ခွင့်ယူကာ ရှန် အပြင်ကိုတခါမှ မထွက်ဘူး အခုလည်း ည ဆယ်နာရီထိုးပြီ ပြန်မလာသေးတာမို့ သူစိတ်ပူရသည်

ring ~~~ ring~~~

ရှောင်းကျန့် ph မြည်လာသည်မို့ ကောက်ကိုင်လိုက်တော့ ရှန် ဆီက

"ဟယ်လို ရှန် မင်းဘယ်ရောက်နေတာလဲ ပြန်မလာသေးဘူးလား နောက်ကျနေပြီ"

ရှောင်းကျန့် ph စကိုင်တာနဲ့ အရင်ပြောလိုက်သည်

"သခင်လေး!"

"ရှန်!  မင်းဘာဖြစ်နေတာလဲ"

"သခင်လေး!"

"မင်း မင်း သောက်ထားတာလား အခုဘယ်မှာလဲ"

"ကျတော် (……) ပန်းခြံမှာ "

"ကောင်းပြီ ငါလာခဲ့မယ်"

ရှောင်းကျန့် အ ပေါ်ထပ်ကုတ်အကျီယူကာ ကိုယ်တိုင်ကားမောင်း၍ထွက်သွားလေသည်

"ဟင်! ဒီအချိန်ကြီး ကောက ဘယ်သွားတာလဲ"

အပေါ်ထပ်စရံတာက ကြည့်နေတဲ့ ရိပေါ်က တစ်ကိုယ်ထဲ ပြောလိုက်သည်

My Husband is MoneybagsWhere stories live. Discover now