part(6)

597 40 2
                                    

"သခင်လေးနဲ့အကိုလေး နိုးလာပြီလား မနက်စာ စားဖို့အဆင်သင့်ပါ"

"ဘာတွေလဲ ပြစမ်းပါဦး"

ရိပေါ်က ခုံမှာစွက်ခနဲဝင်ထိုင်ကာ အစားစာတွေကို ကြည့်လိုက်သည်

"အကိုလေး ဒါက သခင်လေးထိုင်ခုံ…!"

ရှောင်းကျန့် နေရာဝင်ထိုင်နေတဲ့ရိပေါ်ကို အိမ်တော်ထိန်းက ပြောလိုက်ပေမယ့် ရိပေါ်ကလက်ကာပြကာ

"ကျတော်ငါ ဒီနေ့က စပြီး ဒီအိမ်ရဲ့အိမ်ထောင်ဦးစီးပဲ ဟုတ်တယ်မလား ကျန့် ကော"

ရှောင်းကျန့်က ခေါင်းညိတ်ပြသည်

"မ ပြောနဲ့တော့ ရိပေါ်က ငါလက်ထပ်ထပ်ယူထားတဲ့သူ နောက်ဆို ဒီအိမ်ရောcompanyပါ ရိပေါ်ဦးစီးမှာသူက အိမ်ထောင်ဦးစီးပဲ"

ရှောင်းကျန့်စကားအပြီး ရိပေါ်က အိမ်တော်ထိန်းကို ပုခုံးတွန့်ပြ လေသည်

"ကြားတယ်နော် နောက်ပြီး ပြောထားရဦးမယ် ကျတော့်ကိုအကိုလေးလို့ မ ခေါ်နဲ့ သခင်လေးရိပေါ်လို့ပဲခေါ်ပါ ok တယ်နော်"

"ဟုတ်ကဲ့ပါ"

ရှန်က တော့ သခင်လေးတို့နှစ်ယောက်ကို ကြည့်ပြီး ခေါင်းခါမိတယ် ဝမ်ရိပေါ် ပထမရက်မှာတင် ပါဝါလာပြ နေပြီ မတတ်နိုင်ဘူး သခင်လေးက သ ဘောကျနေတာကို သူဘာတတ်နိုင်မှာလဲ

မနကိစာစားပြီး ရှောင်းကျန့်က အလုပ်သွားသည် ရိပေါ်က တော့ သူတခါမှ ကောင်းကောင်းမလုပ်ခဲ့ဘူးတဲ့ တ နေကုန် သူငယ်ချင်းတွေ နဲ့လျှောက်ပတ်အ လေလိုက်ခြင်းပါပဲ အမြဲတမ်း သူငယ်ချင်းတွေလို သုံးဖြုန်းနိုင်ခြင်းမရှိခဲ့သည်မို့ မျက်နှာငယ်ခဲ့ရတ အခုတော့ သူကောင်းကောင်းကြီး ဒီပိုက်ဆံတွေကို သုံးပစ်ဦးမယ်

"ဝိုး ဝမ်ရိပေါ် မင်းက နေ့ချင်းညချငိး သူဌေးဖြစ်သွားတော့တာပဲနော်"

"မ နေ့ မင်းတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးည လေးပြောပြပါဦး မင်း ငွေနဲ့အသိမ်းခံရပြီး အောက်ထပ်ဆင်းလိုက်ရတယ်မလား"

"နေပါကွာငါက အောက်ဆင်းစရာလား"

"ဒါ ဒါဆို ဟို ရှောင်းကျန့် ဆိုတဲ့ လူကြီးက ဟေ့ကောင်မင်း ဟုတ်မှ လည်းလုပ်ပါကွာ  အချင်းချင်းတွေ ငါတို့ ကိုပွင့်ပွင့်လင်းလင်းပြောပါကွ"

My Husband is MoneybagsWhere stories live. Discover now