part(20)

690 41 0
                                    

"ကျန့်ကော ကျတော်ကောအတွက် နံနက်စာပြင်ပေးထားတယ်ကောစားကြည့်"

ရှောင်းကျန့် ရိပေါ်ကိုတချက်ကြည့်လိုက်သည်
ယုံရပါ့မလားဆ်ုတဲ့ အကြည့်နဲ့

"အဟဲ ကျန့် ကော ကျတော် သေချာလုပ်ပေးထားတာပါဗျ"

ရှောင်းကျန့် ထိုင်ခုံမှာထိုင်လိုက်ပြီး နံနက်စာကို စားလိုက်သည်

အင်းး အရသာမဆိုးဘူးပဲ

"ကျန့် ကော စားကောင်းလား"

"အဟမ်းး မဆိုးပါဘူး"

"မဆိုးပါဘူးပဲလား ကောင်းတယ်ပြောလေ"

ရိပေါ် ကိုမျက်စောင်းတချက်ထိုးလိုက်သည်

"အာ ဟုတ်ပြီ မဆိုးဘူးပြောရင်ပဲ တော်လှပါပြီ "

"သခင်လေး !"

"အင်းရှန်ပြော"

"ဒီနေ့ Mr .David နဲ့ နေ့လယ်meeting ရှိပါတယ်"

"အော်ဟုတ်သားပဲ မေ့နေတာ "

"ဟုတ်ကဲ့စာရွှက်စာတမ်းတွေ အားလုံးပြင် ဆင်ပြီးပါပြီ"

"အိုကေ နံနကိစာပြီးသွားမယ် ကားအဆင်သင့်လုပ်ထားလိုက်ပါ "

"ဟုတ်ကဲ့ပါ"

ရှန် ထွက်သွားတော့ ရိပေါ်က

"ကော ဒါက နေ့လယ်အဆာပြေ စားဖို့ စပျစ်သီး ကျတော်ကိုယ်တိုင်ရေ ဆေးပြီး ဘူးထဲထည့်ပေးထားတာ"

"ရိပေါ်"

"ဗျာ"

"မင်းဒီလိုလေးလုပ်ပေးရုံနဲ့ ငါစိတ်က မပြောင်းလဲသေးဘူးနော် ရိပေါ်"

"ကျတော်နားလည်ပါတယ် ဒါအစပဲရှိသေးတာပါ ကျတော်အ ကောင်းဆုံးကြိုးစားမှာပါ"

ရှောင်းကျန့် ဘာမှ ထပ်မ ပြောတော့ပဲ ရိပေါ်ပြင်ပေးထားတဲ့ နံနက်စာကုန်အောင်စားလိုက်သည်

ရှောငိးကျန့် ထသွားတော့ ရိပေါ် ပန်းကန်သိမ်းရင်း

"ကျတော်အပင်ပန်းခံလုပ်ပေးထားတာကို ကုန်အောင်စားပေးလို့ ကျေးဇူးပါ ကော ချစ်တယ်"

ရင်ထဲလှိုက်ခနဲပင် သူငါ့ကိုချစ်တယ် လို့ ပြောတဲ့အချိန် ရင်ခုန်သံက တားဆီးမရဘူး

My Husband is MoneybagsWhere stories live. Discover now