part(13)

574 36 2
                                    

ရှောင်းစံအိမ်တော်၌ မနက်ခင်းတခု အစပြုချိန်မှာ~~

"အားးးး!!!"

မနက်စောစော လင့်ယာ အိပ်ခန်းထက်မှ စူးရှ ကျယ်လောင်တဲ့ အသံတခု

ရိပေါ် ချက်ချင်း သူမ အခန်းထဲ ပြေးဝင်သွားသည်

ရှောင်းကျန့် တို့လည်း အသံကြားကြားချင်းရောက်လာတော့

ရိပေါ်က လင့်ယာကို ဖက်ထားသည်

ရိပေါ်ရင်ခွင်ထဲ တသိမ့်သိမ့်ရှိုက်ကာ ငိုနေသည့် လင့်ယာ

ထိုမြင်ကွင်းကို မြင်လိုက်ရတာကြောင့် ရှောင်းကျန့် ရင်ထဲစူးနစ်စွာ ရှောင်းကျန့် လက်သီးဆုပ်ထားလိုက်မိသည်

"ရိပေါ်!!!!"

စူးရှစွာထွက်လာတဲ့ ရှောင်းကျန့် အသံ

"ကျန့် ကော!!!''

"ဟင့်!!"

ရိပေါ်ရင်ခွင်ထဲက ဂျလည်မ လေးက တော့ ရှိုက်သံလေးတချက်ထွက်လာသည်

"ကော!!ဘာလို့ အော်တာလဲ!!!ဒီမှာလင့်ယာဟလန့်သွားပြီ"

"ဘာ!!!"

ရိပေါ်က ရှောင်းကျန့် ကိုဂရုမစိုက်ပဲ

"လင့်ယာ မ ကြောက်နဲ့ နော် ကိုယ်ဖြေ ရှင်းပေးမယ် လာ ရေ သောက်လိုက်!"

လင့်ယာကို ရေတခွက်တိုက်ပြီး မျက်ရည်တွေတောင်သုတ်ပေး နေလိုက်သေးသည်

"လင့်ယာ ဒီပိုးဟပ်အ သေ ကို ရှင်းခိုင်းလိုက်မယ်နော်"

"ဟုတ်"

"အပြင်မှာဘယ်သူရှိလဲ ဒါလာရှင်းပေးစမ်း အိမ်ကိုသေချာသန့်ရှင်းရေးမလုပ်ကျဘူး ပိုဟပ်တောင် သေလို့ လာရှင်းကျအမြန်!!!"

"ဝမ်ရိပေါ် မင်းလွန်လာပြီ မင်းမှာကာမပိုင်ယောက်ျားရှိတာ သတိရဦး!!!"

ရှန် အင်မတန်ဒေါသ ထွက်ကာရိပေါ်ကို အော်ပြောလိုက်သည်

"ငါ့ဘာသာဘာလုပ်လုပ်မင်းအပူလား ရှန် မင်းဝင်မပါနဲ့ !!!"

"ဘာဖြစ်တယ် မင်းးး!"

"တော်တော့ရှန်! ငါပဲပြောမယ်"

"သခင်လေး!"

"ရိပေါ် ဒီနေ့ အဲ့မိန်းက လေးကို သင့်တော်မယ့်နေရာပို့လိုက်ပါတော့ ငါဒါပဲ ပြောမယ်"

My Husband is MoneybagsWhere stories live. Discover now