part(3)

664 48 1
                                    

ရိပေါ် ဒီနေ့ အလုပ်စဆင်းရမယ်ဆိုတော့ စောစောစီးစီးထက ပြင်ဆင်နေသည်

"သား စောစောစီးစီး ပြင်လို့ဆင်လို့ပါလား ဘယ်သွားမလို့လဲ"

"ကိစ္စ လေးတခုရှိလို့ပါ မား"

"အေးအေး မားက သားအခုလို တခါမှ စောစောထတာမမြင်ဘူးလို့"

"ဒီရက်တွေ သား အိမ်ပြန်နည်းနည်း နောက်ကျမယ် မား ထမင်းစား မ စောင့်နဲ့နော် "

"သားက ဘယ်သွားစရာရှိလို့ သား ဘာတွေလုပ်နေတာလဲ"

"သားမဟုတ်တာဘာမှ မလုပ်ပါဘူး မားစိတ်ချပါ နောက်ကျမှ သားရှင်းပြ ပါ့မယ် အခုတော့သွားပြီနော် bye"

ထွက်သွားတဲ့ ရိပေါ်ကို ကြည့်ကာ ဝမ်စစ်ယွင် မိန်းမ ဖြစ်သူကို မေးလိုက်မိသည်

"ရှင်းလီ သားက ဘယ်သွားတာလဲ"

"မသိပါဘူး ကို ရယ် နောက်မှသေချာရှင်းပြမယ် ပြောတာပဲ ဒီရက်ပိုင်းနောက်ကျမှာမို့ ထမင်းစားမ စောင့်ပါနဲ့တဲ့"

…………………………………

ရိပေါ် ရှောင်းကျန့် ပေးထားတဲ့ လိပ်စာအတိုင်း ရောက်လာတော့ အင်မတန် ကြီးမားလှတဲ့ အိမ်ကြီးတစ်အိမ်ကို တွေ့ရသည်

သုံးထပ်တိုက်မြင့်မားလှတဲ့ စံအိမ်ကြီး တံခါးမှာစောင့်နေတဲ့ လုံခြုံရေးက သူ့အားတံခါးဖွင့်ပေးတော့ ကျယ်ဝန်းလှတဲ့ ခြံဝန်းကြီးထဲ ရိပေါ် လျှောက်လှမ်းလာခဲ့သည် ဘေးပတ်ပတ်လည်မှာ ကစ်မီကွတ် ပန်းပင်နဲ့ နှင်းဆီ ပန်းပင်တွေ မြက်ပင်ကိုအလှ ဆင်ထား ပန်းပင်ကြီးတွေ မြက်ခင်းစိမ်းပေါ်က အဖြူ ရောင်ဒန်းလေးရယ်

အိမ်ထဲဝင်သွားတော့ ကောင်မ လေးနှစ်ဦးက ကြိုဆိုတယ် ဘယ်လောက်ကောင်းလိုက်လဲ Hotelကျနေတာပဲ

"အကို ဒီမှာခနထိုင်ပါဦးရှင့် သခင်လေး ဆင်းလာပါလိမ့်မယ်"

သခင်လေးတဲ့ ရှောင်းကျန့် ကိုပြောတာထင်တယ်  အခေါ်အ ပြောလေးတွေက ညက်နေတာပဲ ငါလည်း တစ်ခါ လောက်အ ခေါ်ခံချင်လိုက်တာ

"အော် မင်းရောက်လာပြီကို အချိန်တိကျသားပဲ မဆိုးဘူး"

လှေကားထစ်အရှည်ကြီးက ဆင်းလာတဲ့ ရှောင်းကျန့် ကို ရိပေါ်ပြုံးပြလိုက်သည်

My Husband is MoneybagsWhere stories live. Discover now