part(19)

678 29 1
                                    

"ကျန့်ကော"

"ဘာလဲ"

"နေရတာ အဆင်ပြေသွားပြီလား"

"ငါ့ဘာသာဘယ်လိုဖြစ်ဖြစ်ပါ မင်းနဲ့မဆိုင်ဘူး မင်းနဲ့ဆိုင်တာသာ မင်းလုပ်ပါ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေး"

"ဟာဗျာ လာပြန်ပြီလား ဒီကွာရှင်းစာချုပ် အကွာပေးနိုင်ဘူးလို့ ပြောထားတယ်လေ"

"ဒါမင်းဖက်က သ ဘောလေ ငါက တော့ငါလုပ်စရာရှိတာ ဆက်လုပ်မှာပဲ"

"ကောပြောသလိုဆို ကွာရှင်းဖို့ ပြောနေတာလည်း  ကောဖက်က တဖက်သတ်ပြောနေတာ လက်ထပ်တာလည်း နှစ်ဦးသ ဘောတူမှ ဖြစ်သလို ကွာရှင်းတာလည်း နှစ်ဦးသ ဘောတူမှ ဖြစ်တာ ကောပဲကွာရှင်းချင်နေလို့ မရဘူး ကျတော်သ ဘောမတူဘူး"

"မင်းးး အ့"

ရှောင်းကျန့် ကုန်းထဖို့လုပ်တော့ အောက်ပိုင်းဒဏ်ရာက စူးခနဲပင်

ဝမ်ရိပေါ် အနားရောက်လာကာ

"အဆင်ပြေရဲ့လား ကော"

"ဖယ်မထိနဲ့ ငါမင်းမျက်နှာ မမြင်ချင်ဘူး"

"ကော အိမ်မှာပဲ အေးဆေးအနားယူနေ ကျတော် ကုမ္ပဏီ သွားပေးမယ်"

"မလိုဘူး ရှန် ရှိတယ်"

"ရှန်က ဘာဖြစ်လို့လဲ "

"သူကနဂိုထဲက ငါမရှိလည်း အလုပ်ကိစ္စကို မျက်နှာလွှဲထားလို့ရတယ် "

"ကျတော်က ရော မရလို့လား"

"မင်းက နောက်ဆိုဆိုင်တော့မယ့်သူမဟုတ်ဘူးလေ"

ဝမ်ရိပေါ် သက်ပြင်းတချက်ချလိုက်သည်

"ကော ကျတော်ကွာရှင်းဖို့စိတ်ကူးလုံးဝ မရှိဘူး ဒါကြောင့် အပင်ပန်းမခံပါနဲ့ မနက်ကျ company ကို ကျတော်သွားပေးမယ် ကောက အေးဆေးအနားယူ နော် မွ "

ရှောင်းကျန့် နဖူးကို ညင်ညင်သာသာလေးနမ်းသွားလေသည်

အခန်းထဲက ထွက်သွားတဲ့ ရိပေါ်ကို ရှောင်းကျန့် ကြည့်ရငိး

"မင်းငါ့ကို ဘယ်လိုတွေ လုပ်နေတာလည်း ရိပေါ်  ဒါကလည်း လှည့်စားနေတာလား မင်းမှငါ့ကိုမချစ်ပဲ "

My Husband is MoneybagsWhere stories live. Discover now