part(12)

556 40 2
                                    

"morningကော"

"morning"

"ကောဒီနေ့ ကျတော် ကုမ္ပဏီ လိုက်မယ်နော် "

"အင်းလိုက်ခဲ့လေ"

"ကျတော်ရေ အရင်ချိုးလိုက်ဦးမယ်"

"ဟုတ်ပြီ"

ရိပေါ်နဲ့ရှောင်းကျန့် ရေချိုးပြင်ဆငိပြီး အောက်ထပ်ကိုဆင်းလာသည်

ထမင်းစားပွဲဝိုင်းတွင် အိမ်ဖော် လေးတွေက ရိပေါ်ကို ကော်ဖီငှဲ့ပေးဖို့လုက်တော့ ရိပေါ်က လက်ကာပြကာ

"နေ! ကော ကျတော့်ကိုထည့်ပေး"

ရိပေါ်စကားကို ရှောင်းကျန့် ဘာမှ အထွန့်မတက်ပဲ ကော်ဖီကို ရိပေါ်သောက်ဖို့ ထည့်ပေးလိုက်လေသည်

ရှန်က တော့ ကြည့်ကာ စိတ်တိုမိသည်

သခင်လေးက ဘာဖြစ်ဖြစ်လုပ်ပေးကာ အလိုလိုက်အလျော့ပေးလွန်းသည်

"အင်းး ကောထည့်ပေးတဲ့ ကော်ဖီ လေးက တယ်သောက်ကောင်းတာပဲ"

ရိပေါ်စကားကြောင့် ရှောင်းကျန့် ပြုံးလိုက်မိသည်

'ဒီလိုတွေ ပြောပြီး သခင်လေးကို နှိပ်စက်နေတာ'

ရှန် စိတ်ထဲက နေ မကျေနပ်စွာပြောလိုက်လေသည်

မနက်စာစားသောက်ပြီး ရှောင်းကျန့်နဲ့ရိပေါ် companyသို့ ထွက်လာခဲ့ကျလေသည်

companyရောက်တော့ ရိပေါ်ကလုပ်ငန်းစာရွှက်တွေ ဝင်ကြည့်လေသည် ရှောင်းကျန့်က ဘာမှမ ပြောပဲဒီတိုင်းလွှတ်ထားလိုက်လေသည်

တ နေကုန်လုံး အလုပ်နဲ့ပတ်သကိတာတွေ ကြည့်လိုက် လက်ပ်တော့တလုံးနဲ့ ဘာတွေ နားထောင်ပြီး ကြည့်နေလဲမသိဘူး

"ရိပေါ်ဘာတွေ တ နေကုန်လုပ်နေတာလဲ မျက်စိမ ညောင်းဘူးလား"

"ဒီလိုပါပဲ ကော ကျတော အလုပ်ကိစ္စ နည်းနည်းပါးပါး လေ့လာနေတာပါ"

"အင်းလုပ်တာလုပ်ပေါ့ အရမ်းတွေ အာရုံမစိုက်နဲ့ ဇက်ကြောတက်မယ် သံပရာရည် သောက်မလား ကောဖျော်ပေးမယ်"

"ကောင်းတယ်လေ ကော ဖျော်ပေး"

"အင်း ခနစောင့်နော်"

"အိုကေ"

ရှောင်းကျန့်  ကိုယ်တိုင် နားနေ ဆောင်မှာသံပရာရည်လာဖျော်တာမြင်တဲ့ ဝန်းထမ်းလေးတွေ တီးတိုးတီးတိုးပြောသွားကျသည်

My Husband is MoneybagsWhere stories live. Discover now