[2]

1.1K 88 2
                                    

[Unicode]

"ဟေး! ဂျောင်ဂု"

ဂျောင်ဂုတစ်ယောက် ကျောင်းဆင်းတော့ အိမ်ပြန်ရန် ဘတ်စ်ကား စောင့်နေတုန်း ထယ်ယောင်းက သူ့ဘေးကို လာရပ်သည်။

"အိမ်ပြန်မလို့လား"

"အင်း..ဟုတ်တယ်...မင်းရောလား"

ဝါး....အံ့ဩစရာကြီး..။ ဂျောင်ဂုကို သူ ချေတယ်လို့ သတင်းကြားထားတာပါ။ အခုတော့ သူ့ကို စကားတွေဘာတွေ ပြန်ပြောနေပါလား။

"ဟင့်အင်း...ငါက အချိန်ပိုင်းအလုပ်ရှိသေးတယ်...အဲ့ကို သွားမလို့"

"အော်...."

ထို့နောက် အတန်ကြာ သူတို့ နှစ်ယောက်ကြား ငြိမ်သက်သွားလေသည်။
ထို အခြေအနေကို ဖြိုခွင်းလိုက်သူက ထယ်ယောင်းပင်။

"ဒါနဲ့ မင်းက ဘာလို့ ဒီ‌ကျောင်းကို ပြောင်းလာတာလဲ...အရင်ကျောင်းက အထုတ်ခံရလို့လား"

"မဟုတ်ပါဘူး...ငါ့အဖေက အစိုးရဝန်ထမ်းလေ...သူက အခု ဆိုးလ်မှာ တာဝန်ကျလို့...အဲ့တာကြောင့် ကျောင်းပြောင်းရတာ"

ဂျောင်ဂုက သူ့ကိုမကြည့်ဘဲ လမ်းပေါ်ကိုသာ ငေးကာ ပြောနေသည်။

"မင်းကို မေးစရာတစ်ခုရှိတယ်"

"ဘာမေးမှာလဲ...မေးလေ"

"မင်းမှာ ရည်းစားရှိလား"

"ဟက်"

သူရဲ့အမေးကြောင့် ဂျောင်ဂုဆီက ခြောက်ကပ်ကပ်ရယ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ထယ်ယောင်းရဲ့ မျက်လုံးတွေကို သေချာစိုက်ကြည့်ကာ

"မင်းက ဘာလို့ သိချင်ရတာလဲ"

ဒါလေးမေးတာကို အရစ်ရှည်လိုက်တာ။

"ဒီလိုပါပဲ...မင်းနဲ့ငါက တစ်ခုံတည်း အတူတူ ထိုင်တာမလား...နောက်လည်း သူငယ်ချင်းတွေ ဖြစ်လာမှာပဲကို...ဒီလောက်တော့ သိထားသင့်တယ်မလား"

ထို့နောက် ဂျောင်ဂုရဲ့အဖြေကြောင့် ထယ်ယောင်းမှာ ဆွံ့အ သွားရတော့သည်။

"ငါကတော့ မင်းနဲ့ သူငယ်ချင်း မလုပ်ချင်ပါဘူး"
(ချစ်သူပဲ လုပ်ချင်တာမလား)

ဝါး...ဘယ်လိုကောင်လဲ ငါ့သိက္ခာတွေတော့ မင်းကြောင့် ရေစုန်မျောပါပြီ ဂျောင်ဂုရယ်။

PSYCHOPATH  [Complete]Where stories live. Discover now