[9]

1K 80 0
                                    

[Unicode]

အခုဆိုရင် သူတို့နှစ်ယောက်တွဲလာတာ နှစ်လလောက် ရှိနေပြီဖြစ်သည်။ ကျောင်းက လူတိုင်း ဆရာတွေကအစပါ သူတို့နှစ်ယောက်အကြောင်းကို အကုန်သိနေပြီ။

ဒါဟာလည်း ဟိုစပ်စုစိန် BBC ပတ်ဂျီမင်းကြောင့်ပင်။ ကန်တင်းမှာ နေ့လည်စာ စားနေကြတုန်း ဂျောင်ဂုရောက်လာတော့ "ဟိုမှာ မင်းကောင်လေး ရောက်လာပြီ" ဆိုပြီး အကျယ်ကြီး ထအော်သည်။ အချိန်မီ ပါးစပ်လှမ်းပိတ်တာလည်းမရ။ မိုက်မလို သူအာပြဲလွန်းတာ အဲ့အချိန်မှပဲ ကောင်းကောင်းသိတော့သည်။

ထိုအချိန်မှစ သူနဲ့ဂျောင်ဂု ဘယ်နားသွားသွား ဓာတ်ပုံအမိအရရိုက်ကာ ကျောင်းက websiteမှာ တင်ကြသည့် stalkerတွေ ရှိလာသည်။ သူတို့နှစ်ယောက်က အခုတော့ ကျောင်းရဲ့ ဆယ်လီအတွဲ ဖြစ်သွားသည်။

ဒီနေ့လည်း ဂျောင်ဂုက နေမကောင်းလို့ ကျောင်းမလာတာကို ကျောင်းက ဆရာမတွေအကုန်လုံးက သူ့ကိုပဲ လာမေးနေကြ‌သည်။

"ထယ်ယောင်း...ဂျောင်ဂုက ဘာလို့ကျောင်းမလာတာလဲ"

"အာ...မနေ့က မိုး‌မိသွားတာကြောင့် နေမကောင်းဖြစ်နေလို့ပါ ဆရာမ"

အတန်းပိုင်ဆရာမက ထယ်ယောင်းရဲ့ ခုံနားလာပြီး မေးနေတာကြောင့် သူလည်း မတ်တပ်ရပ်ကာ ဖြေလိုက်သည်။

"အော် သိပြီ...မနေ့တုန်းက သူတို့နှစ်ယောက် လျှောက်လည်ကြတယ်မလား ကလေးတို့"

"ဟုတ်တယ် ဆရာမ!"

တစ်တန်းလုံးက တိုင်ပင်ထားတဲ့အတိုင်းပင် ညီညီညာညာ ဖြေနေကြပုံများ။
သူများကိစ္စဆို တအားစိတ်ဝင်စားကြတာပဲ ဆရာမကအစ။

"အာ... Dramaတွေထဲကလို မိုးရေထဲမှာ အနမ်းတွေ ခြွေနေကြတာတော့ မဟုတ်ဘူးမလား"

"ဟာ! ဆရာမကလည်း မ.. မဟုတ်ပါဘူး"

ထယ်ယောင်းတစ်ယောက် အရှက်သည်းနေပုံများ နားရွက်တွေပါ နီရဲလာတော့သည်။

"ဆရာမကလည်း မစပါနဲ့တော့...ဟိုမှာ ကျွန်တော့်ကောင်လေးက မျက်နှာတစ်ခုလုံးနီရဲနေပြီ"

အသံလာရာကို ကြည့်လိုက်တော့ ဂျောင်ဂုက စာသင်ခန်းအဝမှာ။

"ဂျောင်ဂု! နေ‌မကောင်းဘူးဆို"

PSYCHOPATH  [Complete]Where stories live. Discover now