[13]

1.1K 80 2
                                    

(Unicode)

"Hyung! ဘာဖြစ်နေတာလဲ...မျက်နှာလည်း မကောင်းဘူး..နေမကောင်းဘူးလား"

Yeonjunက သူ့ကို စိုးရိမ်တကြီး မေးလာသည်။ ဒီကလေးဟာလေ သူ့ထက်သာငယ်တာ သူ့ကိုဆို အမြဲ အရိပ်တကြည့်ကြည့်ဖြင့် နေတတ်သည်။

"အင်း..hyung အိပ်ရေးမဝလို့ထင်တယ်... ခေါင်းက နည်းနည်း ကိုက်နေလို့"

သူပြောတော့ Yeonjunက သူ့နဖူးကို လက်ဖြင့် စမ်းလာသည်။

"ကိုယ်က နည်းနည်းနွေးနေတယ် hyungရဲ့...အခုက ရာသီတုပ်ကွေးကာလဆိုတော့ ဂရုစိုက်ဦး..အိမ်ပြန်ပြီး နားရင်နားလိုက်လေ hyung...ဒီမှာ ကျွန်တော်ရော Sunoတို့လည်း ရှိတာပဲကို"

Sunoဆိုတာလည်း အခြားသူမဟုတ်။ Jiminရဲ့ ဝမ်းကွဲညီဖြစ်တာကြောင့် သူ့အတွက်လည်း ညီလေးလိုပင် ဖြစ်သည်။ ဒါကြောင့် သူတို့နှစ်ယောက်ကိုတော့ ထယ်ယောင်းယုံကြည်လို့ရပါသည်။

"အာ့ဆို hyungပြန်တော့မယ်နော် Yeonjunie"

"ဟုတ်...အိမ်ရောက်ရင်လည်း နွေးနွေးထွေးထွေးလေး ဝတ်ထားဦးနော်"

"အင်းပါ..ဒါဆိုသွားပြီနော်"

Yeonjunတို့ကို နှုတ်ဆက်ကာ ဆိုင်ထဲမှ ထွက်လာလိုက်သည်။ ဆိုင်အပြင်ရောက်တော့ ဆိုင်ထဲမှာလိုမဟုတ်ဘဲ ပိုပြီးတော့တောင် အေးစိမ့်နေသည်။ အဖျားသွေးကလည်း ရှိနေသည်မလို့ လူက ချမ်းစိမ့်စိမ့်ဖြစ်လာသည်။

မထူးပါဘူးလေဆိုပြီး အအေးဒဏ်ကို အံတုကာ အားခဲပြီး ဆက်လျှောက်လာလိုက်သည်။ ဆိုင်နဲ့ အိမ်ကလည်း သိပ်မဝေးသည်မလို့ သူအမြဲ လမ်းလျှောက်ပြန်ဖြစ်သည်။ဆိုင်နဲ့အိမ်က နှစ်ပြစာလောက်တော့ ခြားသည်။

အိမ်နားမရောက်ခင် တစ်ပြလောက်အလိုရောက်တော့ ဆိုးလ်မြို့ရဲ့ အခါမဟုတ်မိုးဟာ ရွာချလာပါတော့သည်။ မိုးနဲ့အတူပါလာတဲ့ လေအေးတွေဟာ ထယ်ယောင်းကို ရိုက်ခတ်လာတော့ ချမ်းသည်ထက်ပင် ပိုလာသည်။

ဝတ်ထားတဲ့ အနွေးထည်ကလည်း သိပ်မထူတာကြောင့် မိုးရေ‌တွေ စိုလုနီးနီးပင် ဖြစ်နေသည်။ အိမ်ရောက်ဖို့ မြန်မြန်ပြေးရအောင်ကလည်း လူက အားမရှိတော့ လမ်းပင် မနည်းလျှောက်နေရသည်။

PSYCHOPATH  [Complete]Where stories live. Discover now