[6]

1K 78 22
                                    

[Unicode]

"ငါနဲ့ တွဲမလား...ဂျောင်ဂု"

"ဟင်!"

ထယ်ယောင်းဆီက မထင်မှတ်ထားတဲ့ စကားကြောင့် ဂျောင်ဂုတစ်ယောက် အံ့ဩလို့မဆုံး။

မျက်စိရှေ့က အကောင်ပေါက်ကလေးကတော့ နေမကောင်းနေသည့်တိုင် မျက်လုံးလေးတွေကလည်း အားနည်းနေသယောင်။ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကလည်း ကိုယ်အပူရှိန်ကြောင့် ပန်းနုရောင်သန်းနေသည်။

သတိလက်လွတ်ငေးနေမိရာမှ ဂျောင်ဂုလည်း သူ့ကိုဆုပ်ကိုင်ထားတဲ့ ထယ်ယောင်းရဲ့ လက်ကို ဆွဲဖြုတ်ပြီး နေရာမှ ထွက်သွားလေသည်။

ထယ်ယောင်းကတော့ သူ့လက်ကို ဖြုတ်ကာ လှည့်ထွက်သွားတဲ့ ဂျောင်ဂုရဲ့နောက်ကျောကို မျက်တောင်မခတ်တမ်း လိုက်ကြည့်နေမိသည်။

TAE's pov:'သူကအခု ငါ့ကို ငြင်းသွားတာလား'

ထယ်ယောင်းတစ်ယောက် သူ့ဟာသူ‌‌တွေးနေတုန်းမှာ ဂျောင်ဂုကို ကြည့်မိတော့ ဂျောင်ဂုဟာ သူထင်သလို သူ့ကို ရှောင်သွားခြင်းမျိုး မဟုတ်။

အခု ဂျောင်ဂုဟာ ထယ်ယောင်း ကုတင်ဘေးက လိုက်ကာတွေကို ဆွဲပိတ်နေလေသည်။ ထယ်ယောင်းလည်း ဘာလုပ်နေတာလဲ ဟုမေးလိုက်ချင်ပေမယ့် ပါးစပ်ကတော့ ထွက်မလာခဲ့။ သူလုပ်သမျှကိုသာ ငြိမ်၍ ကြည့်နေမိသည်။

ထို့နောက် လိုက်ကာအားလုံးပိတ်အပြီး ဂျောင်ဂုက သူရှိရာဘက်သို့ လှည့်လိုက်သည်။ အခုဆိုရင် ထယ်ယောင်းရဲ့ ကုတင်ဟာ ကျောင်းဆေးခန်းထဲမှာ သီးသန့်နေရာလေးလို ဖြစ်သွားသည်။ ကုတင်ရဲ့ ဘေးပတ်ပတ်လည်မှာ လိုက်ကာတွေ ကာထားတာကြောင့် အထဲကို မမြင်ရ။

ဂျောင်ဂု ထယ်ယောင်းအနားကို မြန်မြန် လျှောက်လာလိုက်သည်။ အနားကို ရောက်တော့ လှဲနေတဲ့ ထယ်ယောင်းကို ပွေ့ချီလိုက်ကာ သူက ကုတင်ပေါ်ကို ထိုင်လိုက်သည်။ ထို့နောက် ထယ်ယောင်းကို သူ့ပေါင်ပေါ်တင်ကာ ထိုင်စေသည်။

ထယ်ယောင်းကတော့ ဂျောင်ဂုရဲ့ လုပ်ရက်တွေကြောင့် ကြောင်စီစီဖြင့်

"ဂျောင်ဂု... ဘာလုပ်..အု အု"

စကားပင်မဆုံးသေး။ ထယ်ယောင်းရဲ့ နှုတ်ခမ်းပါးလေးတွေကို သိမ်းပိုက်လိုက်ပြီဖြစ်တဲ့ ဂျောင်ဂု။

PSYCHOPATH  [Complete]Where stories live. Discover now